Main menu

Background

နေကြာပန်းပွင့်ချိန် ပျားမွေးမြူရေး အဆင်ပြေ

Mon, 02/13/2023 - 12:52 -- journal_editor

တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စုရှိ စစ်တောင်း မြစ်ကမ်း နုန်းတင်မြေများတွင် နေကြာစိုက်ပျိုးထားရှိမှုသည် ဒေသတွင်း စားသုံးဆီဖူလုံရေးတွက် အကျိုးရှိရုံသာမက ပျား မွေးမြူရေးကိုလည်း အထောက်အကူပြုသည်။ နေကြာပန်း များ လှိုင်လှိုင်ပွင့်ချိန်တွင် ပျားမွေးမြူရေးပုံးများကို နေကြာခင်း များဘေးတွင် ချထားသည်။ နေကြာတစ်ဧက စိုက်ထားသည့် အခင်းဘေးတွင် ပျားမွေးမြူရေး ပုံး ၁၀ ပုံးမှ ပုံး ၂၀ အထိ ချထားနိုင်သည်။ ပျားများလေ နေကြာခင်းများ ဝတ်မှုန်ကူးရန်အတွက် ပို၍အဆင်ပြေလေဖြစ်သည်။ ဒိုးအင်းကျေးရွာ အုပ်စုတွင် နေကြာသီးသန့် ၂၃၈ ဧကနှင့် မတ်ပဲခင်းများတွင် နေကြာသီးညှပ် ၆၁၈ ဧက စိုက်ပျိုးထားသည်ဟု သိရှိရသည်။
ဒိုးအင်းကျေးရွာအုပ်စုရှိ နေကြာပန်းခင်းများတွင် ပျား မွေးမြူရေးပုံး ၃၀ဝ ချထားကြောင်း၊ နေကြာခင်းများမှ ပန်း ဝတ်ရည်၊ ပန်းဝတ်မှုန်များ ပေါများစွာရရှိသဖြင့် ပျားပုံး ၃၀ဝ မှ ၁၀ ရက်တစ်ခါ ပျားရည်ထုတ်လျှင် ပျားရည် ပိဿာ ၃၀ဝ ခန့်နှင့် ပျားဖယောင်း ခြောက်ပိဿာခန့်ရကြောင်း၊ ဝတ်မှုန် ဆန်ခါခံထားခြင်းမရှိ၍ ဝတ်မှုန်မရကြောင်း၊ ပန်းနှမ်း၊ နှမ်းနှင့် လဲမှို့ပွင့်ချိန်များတွင် ဝတ်မှုန်ထုတ်ကြောင်း၊ ပျားရည် တစ် ပိဿာလျှင် ကျပ် ၄၈၀ဝ၊ ပျားဖယောင်း တစ် ပိဿာလျှင် ကျပ် ၁၅၀ဝ၀ နှင့် ပန်းဝတ်မှုန်တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ဝ ပေါက် ဈေးရှိကြောင်း၊ ရန်ကုန်မြို့မှ ကုမ္ပဏီများက ဝယ်ယူကြောင်း၊ ပျားမွေးမြူရေးပုံး ၃၀ဝ ကို ဝန်ထမ်း သုံးဦးဖြင့် လုပ်ငန်းဆောင်ရွက်ကြောင်း၊ နေကြာ စိုက်ပျိုးမှုများကြောင့်  မွေးမြူရေး အတွက်ပါ အကျိုးဖြစ်ထွန်းကြောင်း ပျားမွေးမြူရေးတာဝန်ခံ၏ ပြောပြချက်အရ သိရှိရသည်။          

မြင့်သူ(တောင်ငူ)