Main menu

Background

ပြည် ကြက်သွန်ဖြူနှင့် ကြက်သွန်နီဈေးကွက်

Mon, 02/13/2023 - 15:03 -- journal_editor

ပြည်ကြက်သွန်ဖြူပွဲရုံများတွင် မန္တလေးဘက်မှ   ဝင်ရောက်လာသော ကြူကုတ်များဖြင့်သာ အရောင်းအဝယ် ဖြစ်ပြီး  ရှမ်းပြည်ဘက်မှအဝင်ရှိသော ရှမ်းစများမှာ လက်ကျန်နည်း၍အနည်းငယ်သာရှိကြောင်း သိရသည်။ 
ကြူကုတ်များကို မန္တလေးဘက်မှ တစ်ပတ်လျှင်အိတ်(၂၀ဝ-၃၀ဝ)အတွင်း အဝင်ရှိကြောင်း သိရသည်။  ပြည်ဈေးကွက်တွင် ရှမ်းစများ လက်ကျန် အနည်းငယ်သာရှိသောကြောင့် (ပွဲရုံ)လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀-၆၅၀ဝ ဈေးရှိသည့်အတွက် လက်လီအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀-၈၀ဝ၀ ဈေးရှိပြီး အဝယ်ပါးကြောင်းသိရသည်။ ကြက်သွန်ဖြူ (ကြူကုတ်)မှာ (ပွဲရုံ) လက်ကားဈေး တစ်ပိဿာလျှင် ကျပ်  ၃၈၀ဝ-၄၀ဝ၀ ဈေး ရှိပြီး လက်လီတစ်ပိဿာလျှင်   ကျပ် ၄၅၀ဝ-၅၀ဝ၀ဖြင့် ပုံမှန်အရောင်းအဝယ်ရှိကြောင်း သိရသည်။
ပြည်တွင် ကြက်သွန်နီမှာ  ယခုအချိန်တွင် တစ်ပိဿာကို ပျမ်းမျှ လက်လီ/လက်ကား  ကျပ် ၅၀ဝ ခန့် ထပ်မံကျဆင်းသွားသည်။  ဈေးနှုန်းများအနေဖြင့် ယခင် လက်လီ/လက် ကား ကျပ် ၁၉၀ဝ-၂၄၀ဝရှိရာမှ ယခု ကာလပွဲရုံဈေး လက်ကား  တစ်ပိဿာလျှင် (ကြီး/ လတ်/သေး) ကျပ် ၁၃၀ဝ-၁၄၀ဝ-၁၅၀ဝ နှုန်းတို့ရှိပြီး   လက်လီဈေးများတွင်  ကျပ် ၁၆၀ဝ/၁၇၀ဝ-၁၈၀ဝ/၁၉၀ဝ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေသည်။
ဝင်းလဲ့ဝါ(ပြည်)

ဆုမွန်ဆွေ(ပြည်)