Main menu

Background

ကျောက်ဆည်ခရိုင်အတွင်း ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Mon, 02/13/2023 - 15:49 -- journal_editor

မန္တလေးတိုင်းဒေသကြီး   ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင်   ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည် ကျပ် ၂၅၀ဝ ၊ ဧရာပဒေသာဆန် (သစ်) ၂၄ ပြည်  တစ်အိတ် လျှင် ကျပ် ၆၀ဝ၀ဝ၊ မနောသုခဆန်(သစ်) တစ်ပြည် ကျပ် ၂၂၀ဝ ၊ မနောသုခ ဆန်(သစ်) ၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၅၂၀ဝ၀၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၁၈၀ဝ၊ ခရမ်းချဉ်သီး(ဗမာ) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ ကြက်သွန်နီ(သစ်) လက်လီ ဈေးနှုန်းမှာ(ကြီး) တစ်ပိဿာလျှင်ကျပ် ၂၀ဝ၀ ၊ (လတ်) တစ် ပိဿာလျှင် ကျပ်၁၈၀ဝ၊(အသေး)တစ်ပိဿာလျှင်ကျပ်၁၇၀ဝ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် ကျပ်၄၅၀ဝ၊ (ရှမ်း) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ၊ အာလူးတစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၊ မန်ကျည်းသီး(ဟောင်း)   တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ၊ မန်ကျည်းသီး(သစ်)  တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ချင်းတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ၊ ဆား တစ်ပိဿာလျှင် ကျပ် ၆၀ဝ ဈေးနှုန်းများဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကျောက်ဆည်ခရိုင်၏ သား၊ငါး ဈေးနှုန်းများမှာ ကြက်သား (ဗမာ) တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ၊ ကြက်သား(CP) တစ် ပိဿာလျှင်  ကျပ် ၁၀ဝ၀ဝ ၊ ဝက်သား တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ အမဲသား  တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ၀ နှင့် ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ ငါးကြင်း တစ်ပိဿာလျှင်  ကျပ် ၇၀ဝ၀၊ ငါး ခေါင်းပွ   တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး   ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် ကျပ်၁၂၀ဝ၀၊နှမ်းဆီသန့်တစ်ပိဿာ လျှင် ကျပ် ၁၀ဝ၀ဝ၊   နေကြာဆီသန့်   တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ နှင့် စားဆီတစ်ပိဿာလျှင် ကျပ် ၆၉၀ဝ ဈေးနှုန်းများ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ 
အခြေခံစားသောက်ကုန်များ၏    ဈေးနှုန်းများအား ယခင် ဇန်နဝါရီလဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက  ကြက်သွန်နီ၊ ခရမ်းချဉ်သီး(ဗမာ)၊ အာလူးနှင့်ချင်းဈေးနှုန်းများမှာ  အနည်း ငယ် ကျဆင်း၍    ဆန်၊ စားဆီနှင့်ကြက်သားဈေးနှုန်းများ အနည်းငယ်မြင့်တက်ခဲ့ပြီး    ကျန်အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရသည်။  

စိုးလွင်