Main menu

Background

ထန်းလျက် လှိုင်လှိုင်ပေါ်နေပြီး ဈေးကောင်းရနေ

Fri, 03/03/2023 - 11:36 -- journal_editor

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ထန်းလျက်များ လှိုင်လှိုင်ပေါ်နေရာ ယခုနှစ်  ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ လက်ရှိ ထန်းလျက်လှိုင်လှိုင်ရရှိနေပြီး တစ်ရက်ရှစ်ပိသာခန့်ထွက်ကြောင်း တစ်ပိဿာ ကျပ် ၂၅၀ဝ ရောင်းရပြီး  ယခင်နှစ် ကာလတူက တစ်ပိဿာ ကျပ် ၁၈၀ဝ မှ ကျပ်၂၀ဝ၀ ရောင်းရ၍ ယခုနှစ်တွင် ဈေးကောင်းသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခင်နှစ် ပြာသိုလ ထန်းလျက်အသစ် ထန်းလျက်ဈေးမှာ တစ်ပိဿာ ကျပ် ၁၈၀ဝ၊ ကျပ် ၂၂၀ဝ ရောင်းကြောင်း ထန်းတက်သူ တစ်ဦးက ပြောသည်။ ရေနံချောင်းမြို့နယ်တွင် ထန်းပင် စိုက်ဧက ၁၅၆၇ ဧကစိုက်ပျိုးထားရှိကာ ထန်းလျက်ထွက်သည့် ထန်းပင် ၁၂၃၆ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။ မကွေးတိုင်းဒေသကြီးတွင် ထန်းစိုက်ဧက  နှစ်သောင်းကျော်ရှိကာ နှစ်စဉ်ထွက်ရှိမှုမှာ ပိဿာချိန် သိန်း ၅၅၀ဝ ကျော်ခန့် ထွက်ကြောင်း နှစ်စဉ်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။
ဆန်းညွန့်(ရေနံချောင်း)