Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲဈေးနှုန်းဈေးကွက် အခြေအနေ

Tue, 03/14/2023 - 10:56 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီးနှင့်  ဗိုလ်ကိတ်ပဲများ  အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲကြီးဈေးမှာ တက်နေပြီး ကျန်ပဲများမှာ အေးလျက်ရှိသည်။ 
ပြည်ကုန်စည်ဒိုင်၌ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် မတ်ပဲ တစ်တင်းကို  ကျပ် ၆၂၀ဝ၀-၆၂၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ မတ်လ ပထမပတ်တွင် မတ်ပဲ ဈေးကျလာပြီး ပဲတစ်တင်းကို ကျပ် ၆၀ဝ၀ဝ-၆၁၀ဝ၀ အထိ ဈေးကျလာခဲ့ပြီး ပဲတစ်တင်းကို ကျပ် ၁၀ဝ၀ ခန့် ဈေးလျော့ခဲ့သည်။ ရန်ကုန်ဝယ်လက် အဝယ်ရှိပြီးတစ်ရက်ကို အိတ် ၄၀ဝ၊ ၅၀ဝ ခန့် အရောင်းအဝယ်သွက်လျက်ရှိသည်။
ဖေဖော်ဝါရီ  စတုတ္ထပတ်တွင်  ပြည်ကုန်စည်ဒိုင်၏ ပဲစင်းငုံ ဈေးမှာ တစ်တင်းကို ကျပ် ၆၉၀ဝ၀-၆၉၅၀ဝ ဖြင့် လှောင်သမား များနှင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကို အိတ်  ၆၀ဝ ခန့် အဝယ် ရှိခဲ့သည်။  မတ်လ ပထမပတ်တွင် ကျပ် ၆၈၅၀ဝ-၆၉၀ဝ၀  ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို  အိတ် ၅၀ဝခန့် အဝယ်ရှိပြီး ဈေးမှာ ငြိမ်နေကြောင်း သိရှိရသည်။
ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီ စတုတ္ထပတ်တွင် ကုလား ပဲ (HL) တစ်တင်းကို ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ ဖြင့် ခွဲစက်သမားနှင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် ၄၀ဝ၊ ၅၀ဝ ခန့် အဝယ်ရှိခဲ့သည်။ မတ်လ ပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၆၈၀ဝ၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို  ကျပ် ၆၈၀ဝ၀ ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ်နှင့် ရန်ကုန်ဝယ်လက်ရှိခဲ့သည်။ ပဲခွဲကြမ်းများ ကို နယ်စုံသို့ တင်ပို့မှုရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်၌  ဖေဖော်ဝါရီ   စတုတ္ထပတ်တွင် ပဲကြီး အရောင်းအဝယ်ရှိပြီး ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ကျပ် ၇၈၅၀ဝ- ၇၉၀ဝ၀-၈၀ဝ၀ဝ  ဈေးဖြင့် မြို့တွင်းပဲကြော်သမားများနှင့် တစ်ခါ တစ်ရံ ရန်ကုန်ဝယ်လက်ရှိခဲ့သည်။ ပြည်ကုန်စည်ဒိုင်၏ မတ်လ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ကျပ် ၇၅၀ဝ၀ ဈေး ထိ ဈေးကျလာခဲ့ပြီး တစ်ရက်ကိုအဝယ် အိတ် ၃၀ဝ ခန့် ပဲကြော် သမားများ မြို့တွင်းအဝယ်ရှိခဲ့သည်။ မတ်လ ပထမပတ်တွင် ပဲကြီး (ကုန်းပဲ)များလည်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲကြီး (ကုန်းပဲ)တစ်တင်းကို ကျပ် ၇၈၀ဝ၀ ခန့်ရှိသည်။ 
ဖေဖော်ဝါရီလ  နောက်ဆုံးပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို  ကျပ် ၁၀၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို ၂၅ အိတ်ခန့် အဝယ်ရှိခဲ့သည်။ မတ်လ ပထမပတ်တွင် စားတော်ပဲ ကျွန်း  တစ်တင်းကို   ကျပ် ၁၀၅၀ဝ၀-၁၁၀ဝ၀ဝ ဖြင့်  မြို့တွင်း အရောင်းအဝယ်ဖြစ်ခဲ့သည်။ 
ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီစတုတ္ထပတ်တွင် ဗိုလ်ကိတ် ပဲတစ်တင်းကို  ကျပ် ၄၇၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်  ၅၀/၁၀ဝခန့် အဝယ်ရှိသည်။ မတ်လပထပတ် တွင် ဗိုလ်ကိတ်တစ်တင်းကို  ကျပ် ၄၇၀ဝ၀-၄၈၀ဝ၀ ဖြင့် မြို့ တွင်း ရောင်းဝယ်မှုရှိသည်။
ပြည်ကုန်စည်ဒိုင်တွင်  ပဲမျိုးစုံ  အရောင်းအဝယ်ဖြစ်မှုမှာ သွက်လျက်ရှိကြောင်း သိရှိရသည်။
မိမိအေး(ပြည်)