Main menu

Background

နနွင်းစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

Wed, 03/15/2023 - 12:53 -- journal_editor

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအနေဖြင့် စပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကို ယာမြေများတွင် အများဆုံး စိုက်ပျိုးကြသည် ။ 
ယခင်နှစ်ထက် အနည်းငယ်လျော့နည်းစိုက်ပျိုးသည်မှာ သွင်းအားစုများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် နနွင်း စိုက်ဧကများ လျော့နည်းလာကြောင်း သိရှိရသည်။ နနွင်းကို ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင် စတင်တူးဖော်ပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ် ၁၆၀ဝ၀ဝ၀ ဝန်းကျင်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် နနွင်းဂေါင်း သို့မဟုတ် နနွင်းတက်များကိုသာ စိုက်ပျိုးကြကြောင်း၊ နနွင်းဂေါင်းဖြင့် စိုက်ပျိုးလျှင် တစ်ဧက တင်း ၁၀ဝ ကုန်ကျပြီး နနွင်းတက်ဖြင့် စိုက်ပျိုးလျှင် တစ်ဧကလျှင် တင်း ၅၀ ကုန်ကျကြောင်း၊ နနွင်းမျိုးဈေးနှုန်းအနေဖြင့် နနွင်းဂေါင်း တစ် တင်းလျှင် ကျပ် ၄၅၀ဝ၊ နနွင်းတက် တစ်တင်းလျှင် ကျပ် ၇၂၀ဝ ပေးရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် နနွင်းတက်အစို လှည်း ၁၂  စီးခန့်ထွက်ရှိကြောင်း၊ ၎င်းနနွင်းတက်အစို လှည်း ၁၂ စီးအား ပြုတ်ပြီးအခြောက်လှန်းပါက နနွင်းတက် ၇၀ဝ-၈၀ဝ ပိဿာခန့်ထွက်ရှိကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် နနွင်းတက် အစိုလှည်း တစ်စီးလျှင် ယခင်နှစ်တွင် ကျပ် ၁၅၀ဝ၀ဝ၊ ယခုနှစ်တွင် ကျပ် ၂၂၀ဝ၀ဝ၊ နနွင်းတက် အခြောက် တစ်ပိဿာလျှင် ယခင်နှစ်တွင် ကျပ် ၂၅၀ဝ ၊ ယခုနှစ်တွင် ကျပ် ၃၆၀ဝ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကြိတ်ခအနေဖြင့် တစ်ပိဿာ လျှင် ကျပ် ၁၀ဝ၀ ပေးရကြောင်း၊ နနွင်းမှုန့် တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၈၀ဝ၀ ဈေးရှိကြောင်း၊ တောင်သူများအနေဖြင့် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိခဲ့ပြီး တစ်ဧက အကျိုးအမြတ်အနေဖြင့် ကျပ် ၁၀ဝ၀ဝ၀ဝ ဝန်းကျင်ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။                                                                                  

နှင်းလဲ့လဲ့