Main menu

Background

ပြည်တွင်းရွှေဈေး ကျပ် ၂၉ သိန်းကျော်ရှိ

Thu, 03/30/2023 - 13:51 -- journal_editor

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၂၉ သိန်းကျော်ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မတ် ၂၃ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၉၇၃ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၉၅၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။

တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ မတ် ၁၆ ရက်တွင် တစ်အောင်စ ၁၉၁၂ ဒေါ်လာ၊ ၁၇ ရက်တွင် ၁၉၂၇ ဒေါ်လာ၊ ၁၈ ရက်တွင် ၁၉၈၈ ဒေါ်လာ၊ ၂၀ ရက်တွင် ၁၉၇၃ ဒေါ်လာ၊ ၂၁ ရက်တွင် ၁၉၈၁ ဒေါ်လာ၊ ၂၂ ရက်တွင် ၁၉၄၁ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ထို့အတူ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများအနေဖြင့် မတ် ၁၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၈၉၅၀ဝ၀၊ ၁၇ ရက်တွင် ကျပ် ၂၉၀ဝ၀ဝ၀၊ ၁၈ ရက်တွင် ကျပ် ၂၉၃၀ဝ၀ဝ၊ ၂၀ ရက်တွင် ကျပ် ၂၉၅၀ဝ၀ဝ၊ ၂၁ ရက်တွင် ကျပ် ၂၉၇၀ဝ၀ဝ၊ ၂၂ ရက်တွင် ကျပ် ၂၉၃၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။

ပန်းဆု