Main menu

Background

တနင်္သာရီတိုင်းဒေသကြီး ဒူးရင်းသီးဈေးကွက်

Tue, 04/25/2023 - 11:10 -- journal_editor

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် ဒူးရင်းသီးကို အဓိကစိုက်ပျိုးလျက်ရှိပြီး ပဲခူး၊ မွန်နှင့် ကရင်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဒူးရင်းသီးကို ဇွန်လအစောပိုင်းတွင် စိုက်ပျိုးလျက်ရှိပြီး ရေရလျှင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် နှစ်ရှည်ခံသီးပင်ဖြစ်သည်။ နိုဝင်ဘာလတွင် ပန်းစပွင့်ပြီး ဧပြီလတွင် အသီးများကို ဆွတ်ခူးနိုင်သည်။ အသီးများ ကောင်းမွန်စွာမှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်မှည့် ကြွေကျသီးက အရသာ  ပိုမိုကောင်းမွန် ကြောင်း သိရှိရသည်။
ဒူးရင်းသီးတွင် မြန်မာမျိုးနှင့် ထိုင်းမျိုးဟူ၍ နှစ်မျိုးရှိပြီး မြန်မာမျိုးက ချို၊ ဆိမ့်၊ ခါး အရသာ သုံးမျိုးစလုံးနှင့် ပြည့်စုံသောကြောင့် မြန်မာမျိုးကိုသာ အများဆုံး ဝယ်ယူစားသုံးကြသည်။  ဒူးရင်းဈေးနှုန်းမှာ တောင်သူများအတွက် တွက်ခြေ ကိုက်သောကြောင့်  ယခင်နှစ်ထက် ယခုနှစ် ပို၍စိုက်ပျိုးလာကြပြီး  ယခုနှစ်က ဈေးကောင်းပိုရလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။ ယခုကာလသည် ဒူးရင်းသီးများ လှိုင်လှိုင်ပေါ များနေပြီဖြစ်၍ ထားဝယ်တွင် ဖြစ်ပေါ်နေသောဈေးမှာ  အလုံးကြီးတစ်လုံးလျှင် ကျပ် ၄၀ဝ၀ နှုန်းနှင့် အလုံးငယ် တစ်လုံးလျှင်  ကျပ် ၂၂၀ဝ-၂၀ဝ၀ နှုန်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
သဲသဲ (ထားဝယ်)