Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Tue, 05/09/2023 - 12:39 -- journal_editor

မော်လမြိုင်မြို့၌ မေလပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်   ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရ သည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုတစ် ပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၂၀ဝ၀၊ ဆင် (ထိုင်း) ကျပ် ၁၆၅၀ဝ၊ ကြံ့တံဆိပ်(အပြာ)ကျပ် ၁၁၂၀ဝဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင် မြို့၌ ဓာတ်မြေသြဇာနှင့်  ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
အရောင်းအဝယ် ဖြစ်နေသော ဈေးမှာ  ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာရွှေကောမက်) 15;15;15 50kg  ပါ တစ်အိတ်မှာ ကျပ် ၁၂၀ဝ၀ဝ၊ ကွန်ပေါင်း 20;12;12 50kg  ပါ  တစ်အိတ်မှာ ကျပ် ၁၃၂၅၀ဝ၊ ကွန်ပေါင်း (Thai Grow How) 15;15;15 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၃၀ဝ၀၊ ပုလဲ (အသေး)၄၆% မြန်မာ(MPE) 50kg ပါ တစ်အိတ်မှာ ကျပ် ၆၈၀ဝ၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ် ၈၅၀ဝ၀၊ ပိုတက် (အာမို)  50kg ပါ တစ်အိတ်မှာ ကျပ် ၁၂၂၀ဝ၀၊ ပိုးသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc yg ပါ  တစ်ပုလင်းမှာ ကျပ် ၃၁၀ဝ၊  မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ တစ်ပုလင်းမှာ ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ် စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီ တွင် RSS-3 ကျပ် ၁၀၈၀၊  RSS-5  တစ်ပေါင်လျှင် ကျပ် ၁၁၀ဝ ခဲ့ပြီး မေ ၄ ရက်မှ ၈ ရက်ထိ ဈေးနှုန်း မှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၈၀၊  RSS-5   တစ်ပေါင်လျှင် ကျပ် ၁၂၈၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့သယ်ယူခနှုန်းထားမှာ (50 Kg) ပါ တစ်ထုပ် လျှင် ကျပ် ၁၅၀ဝ ၊ ရော်ဘာတစ်တန် လျှင် ကျပ် ၃၀ဝ၀ဝ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50 Kg) ပါ  တစ်ထုပ်လျှင် ကျပ် ၂၅၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၅၀ဝ၀ဝ ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။
အောင်မြင့်မြတ် (မွန်)