Main menu

Background

ရေစကြိုမြို့နယ်တွင် မတ်ပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ 

Tue, 06/20/2023 - 15:40 -- journal_editor

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကူတုတ်၊ အောင် ချမ်းသာကျေးရွာနှင့် ညောင်တောကျေးရွာများတွင် ရေသွင်း‌(နွေ)မတ်ပဲ သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရှိရသည်။ 
ရေသွင်း(နွေ)မတ်ပဲသီးနှံများကို ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြစ်ရေကျချိန်တွင် စိုက်ပျိုးသည့် ဥစိုက်ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲနှင့်ပဲဇီးကွက်သီးနှံများ ရိတ်သိမ်းပြီး သီးထပ်အဖြစ် ရေသွင်းကာ (နွေ)မတ်ပဲသီးနှံများကို ဧက ၁၀ဝ ခန့် စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း၊ စိုက် ပျိုးသော မတ်ပဲသီးနှံမျိုးများကို စိုက်ပျိုးရေးဆေးဆိုင်များတွင် စိုက်ပျိုးရေးမှ ထုတ်လုပ်သည့် ရေဆင်းမျိုးများကို ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် မိမိတို့အောင်ချမ်းသာကျေးရွာတွင်  တောင်သူ ၂၀ ဦးအနေဖြင့်  ဧက ၃၀ ခန့် စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ယခင်နှစ်တွင် ငါးဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင်  ခုနစ်ဧက စိုက်ပျိုးထားရှိကြောင်း၊ ဇူလိုင်လကုန်ခန့်တွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း စိုက်ပျိုးတောင်သူ၏ ပြောပြမှုအရ သိရှိရသည်။
မြတ်မင်း(ရေစကြို)