Main menu

Background

ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၀ ခုကို MIC ခွင့်ပြု

Mon, 07/31/2023 - 13:08 -- journal_editor

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၀ခုခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(ြှုဃ)မှ သိရသည်။ ကော်မရှင်၏ (၂/၂၀၂၃) ကြိမ် မြောက် အစည်းအဝေးတွင်  ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါ အဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို  အတည်ပြုပေးခဲ့ကြောင်း သိရသည်။ခွင့်ပြုပေးခဲ့သည့်လုပ်ငန်းအမျိုးအစားများမှာလျှပ်စစ် ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့ဖြစ်ပြီး   ယင်းကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၀ ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းများ၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိ ကန်ဒေါ်လာ ၄၄၆ ဒသမ ၁၅၈ သန်းနှင့် ကျပ် ၂၅၄၉၅၁ ဒသမ ၄၄၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၆၄၀ ခုအထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ   မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုက ကန်ဒေါ်လာ ၉၅ ဘီလီယံခန့်အထိ   လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ယင်းတို့ အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများ မှာ စင်ကာပူ၊ တရုတ်နှင့်ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ခွင့်ပြုပေးထားသည့် စီးပွားရေးကဏ္ဍများအနက် အများဆုံး  ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏  ၂၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏၁၄ဒသမ ၃၉ ရာခိုင် နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
ြှုဃ အနေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား စိစစ်ခွင့်ပြု ခြင်းကိုလည်းကောင်း၊   လက်ရှိ   ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ    ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

 

ပန်းဆု