Main menu

Background

ပြည်တွင်းရွှေ ရည်ညွှန်းဈေး ကျပ် ၂၂ သိန်းကျော်ရှိ

Mon, 08/14/2023 - 11:01 -- journal_editor

ပြည်တွင်းရွှေရည်ညွှန်းဈေးမှာ လက်ရှိ၌ ကျပ် ၂၂ သိန်း ကျော်တွင် ရှိနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ရွှေရည်ညွှန်းဈေးမှာ ဇူလိုင် ၃၁ ရက်အထိ အကယ်ဒမီ မီး လင်းရွှေ တစ်ကျပ် သားလျှင် ကျပ် ၂၃၀၃၂၀ဝ တွင် ရှိနေခဲ့ရာမှ သြဂုတ် ၂ ရက်မှစတင်ကာ ကျပ် ၂၂၉၅၀ဝ၀ သို့ ကျဆင်းလာခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် သြဂုတ် ၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ၂၂၈၂၀ဝ၀ ကျပ်၊ ၄ ရက်တွင် ၂၂၇၆၁၀ဝ ကျပ်၊ ၅ ရက်တွင် ၂၂၈၇၉၀ဝ ကျပ်၊ ၇ ရက်တွင် ၂၂၈၀၈၀ဝ ကျပ်၊ ၈ ရက်တွင် ၂၂၇၃၇၀ဝ ကျပ်၊ ၉ ရက်တွင် ၂၂၇၃၇၀ဝ ကျပ်၊ ၁၀ ရက်တွင် ကျပ် ၂၂၅၉၆၀ဝ ဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ သြဂုတ် ၃ ရက်တွင် ၁၉၃၇ ဒေါ်လာ၊ ၄ ရက်တွင် ၁၉၃၂ ဒေါ်လာ၊ ၅ ရက်တွင် ၁၉၄၂ ဒေါ်လာ၊ ၇ ရက်တွင် ၁၉၃၆ ဒေါ်လာ၊ ၈ ရက်တွင် ၁၉၃၀ ဒေါ်လာ၊ ၉ ရက်တွင် ၁၉၃၀ ဒေါ်လာ၊ ၁၀ ရက်တွင် ၁၉၁၈ ဒေါ်လာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် ရွှေဈေးနှုန်းတည်ငြိမ်စေရေး ထိန်း သိမ်းဆောင်ရွက်လျက်ရှိပြီး လိုင်စင်လျှောက်ထားတာမရှိဘဲ ဖွင့်လှစ်ထားသည့် ရွှေဆိုင်များကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။              

 

ပန်းဆု