Main menu

Background

တစ်ရက်လျှင် တန်ချိန် ၂၀ ထွက်ရှိမည့် စားအုန်းဆီစက်ရုံ တနင်္သာရီတိုင်းအတွင်း တည်ဆောက်ရန် စီစဉ်နေ

Mon, 08/14/2023 - 11:44 -- journal_editor

တစ်ရက်လျှင် တန်ချိန် ၂၀ ၊ ဆီပိဿာချိန် ၁၂၀ဝ၀ ထွက်ရှိ မည့် စာအုန်းဆီစက်ရုံကို  တနင်္သာရီတိုင်းဒေသကြီးအတွင်း လာ မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  တည်ဆောက်ရန် စီစဉ်နေ ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ  ဆီချောစက်ရုံကို  စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ တည်ဆောက်သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်နေခြင်းဖြစ်သည်။ ယင်းစက်ရုံ တည်ဆောက်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံရှိ ဆီစက်ရုံ သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး တစ်ရက်လျှင် ဆီတန်ချိန် ၁၀ တန် ထွက်ရှိမည့်စက်ရုံကို တည်ဆောက်ရန်   ရည်ရွယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သို့ရာတွင် စက်ရုံတည်ဆောက်ရာ၌ ကုန်ကျ စရိတ်ကွာဟမှု နည်းပါးသည့်အတွက် ၁၀ တန်အစား တန်ချိန် ၂၀၊ ပိဿာချိန်အားဖြင့် ၁၂၀ဝ၀ထွက်ရှိမည့် စားအုန်းဆီစက်ရုံကို တည် ဆောက်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ဧက  လေး သိန်းကျော်ရှိပြီး တစ်ဧကတွင် ပျမ်းမျှ  ဆီသီးခိုင်အထွက်နှုန်း ၂ ဒသမ ၈ တန်ရှိ ကာ    ဆီအုန်းပင်သက်တမ်း နှစ် ၂၀ ကြာသည်အထိ ဆီသီးခိုင်များ ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ထို တိုင်းဒေသကြီးသည်  ဆီအုန်းစိုက်ပျိုးအောင်မြင်သည့် ရေ၊ မြေ၊ ရာသီဥတုရှိပြီး ပြည်တွင်း/ပြည်ပ ကုမ္ပဏီအများအပြားက ဆီအုန်းစိုက်ပျိုးမှုအတွက် လာရောက်ရင်းနှီးမြှုပ်နှံထားကြကြောင်း သိရသည်။
ဆီအုန်းစိုက်ပျိုးမှုကို အဆိုပါ  တိုင်းဒေသကြီး၌ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်မှစတင်ကာ   ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်း သီးနှံသည် စတင်စိုက်ပျိုးသည့်အချိန်မှငါးနှစ်ကြာသည့်အခါ စီးပွား ဖြစ်ထုတ်လုပ်နိုင်ပြီး နောက်ထပ် သုံးနှစ်ကြာသည့်အခါ ရင်းနှီးထား သည့်ငွေများ ပြန်လည်အရင်းကျေကြောင်း သိရသည်။
လက်ရှိတွင် ဆီအုန်းစိုက်ပျိုးမှုကို ပုဂ္ဂလိကခြံရှင်များကလည်း စိတ်ပါဝင်စားလာသည့်အတွက်   စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြည်တွင်း၌ ဆီအုန်းစပ်မျိုးများ ထုတ်လုပ်ပေးခြင်းနှင့်ဆီအုန်း စိုက် ပျိုးခြင်းဆိုင်ရာ နည်းပညာများအတွက်   သင်တန်းများပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပန်းဆု