Main menu

Background

၀ဥများ ပြန်လည်ထွက်ပေါ် နေပြီဖြစ်သည့်အတွက် ဝဥစက်ရုံများ စတင်လည်ပတ်နေပြီဟုဆို

Mon, 10/23/2023 - 16:00 -- journal_editor

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ ပြည်တွင်း၌ ဝဥများ စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက်  ဝဥစက်ရုံများ ပြန်လည် လည်ပတ်လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလဆန်းပိုင်း ဝဥ စတင်ထွက်ပေါ်ချိန်တွင် ဝဥအစို တစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်းမှာ ၁၀၂၅ ကျပ်ခန့်ရှိပြီး ယခင်နှစ် ဝဥစတင်ထွက်ပေါ်ချိန်က ၆၀ဝ-၈၀ဝ ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ဝဥအစိုများကို စက်ရုံများတွင်  စက်ဖြင့် ရေဆေး၊ အခွံ ခွာ၊ ပါးပါးလှီး၍ အခြောက်ခံကာ  ထုတ်လုပ်ခြင်းဖြစ်ပြီး ဝဥ အစို ၆ ဒသမ ၇ ပိဿာလျှင် ဝဥအခြောက် တစ်ပိဿာရရှိပြီး ဝဥအခြောက်အပြားများကို   ထုပ်ပိုးပြီး နိုင်ငံခြားသို့ တင်ပို့ ရောင်းချကြောင်း သိရသည်။ 
ယခင်က မန္တလေး၊  ချင်းရွှေဟော် ကုန်သွယ်ရေးလမ်း ကြောင်းမှတစ်ဆင့်  တရုတ်သို့ တင်ပို့ခဲ့သော်လည်း ယခုအခါ ရန်ကုန်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းဆိပ်ကမ်းသို့ တင်ပို့ ကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်တွင်း၌ ဝဥရာသီ ကုန်ဆုံးချိန်ဖြစ်သော ဇန်နဝါရီ လမှ သြဂုတ်လအထိ ဝဥစက်ရုံများ  ရပ်နားထားပြီး လက်ရှိ တွင် ဝဥများပြန်လည်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် စက်ရုံ များ ပြန်လည် လည်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဝဥသီးနှံကို ဧက ၁၃၀ဝ၀ ကျော် စိုက် ပျိုးထားပြီး ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည် နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အဓိက  စိုက်ပျိုးထားခြင်း ဖြစ်ကာ ဒေသခံတောင်သူများအနေနှင့်   ဝဥကို ကုန်ကြမ်း အဖြစ် တူးဖော်ရောင်းချကြသည့်အပြင် အချို့သော လုပ်ငန်း ရှင်များက  တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ရောင်းချကြကြောင်း သိရ သည်။

 

ပန်းဆု