Main menu

Background

မန်မာ့ထောပတ်သီး တန်ချိန် ၁၀ဝ၀ ကျော်ကို ပြင်သစ်နှင့်အိန္ဒိယက မှာယူမှုရှိနေ

Mon, 10/23/2023 - 16:02 -- journal_editor

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီး တန်ချိန်၁၀ဝ၀ကျော်ကို ပြင်သစ် နှင့်အိန္ဒိယနိုင်ငံတို့က   ဝယ်ယူရန်အတွက် မှာယူမှုများရှိနေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြင်သစ်နှင့်အိန္ဒိယနိုင်ငံတို့က အမှာစာများ ရရှိထားရာတွင် ပြင်သစ်နိုင်ငံက ထောပတ်သီး တန်ချိန် ၈ တန်နှင့် အိန္ဒိယနိုင်ငံက တန်ချိန် ၁၀ဝ၀ ကို မှာယူထားခြင်း ဖြစ်သည်။
ပြည်တွင်း၌ လက်ရှိတွင် ထောပတ်သီးများ  စတင်ထွက်ပေါ်နေပြီဖြစ်သော် လည်း ပြည်ပသို့တင်ပို့နိုင်မည့် အရည်အသွေးကောင်းသည့် ထောပတ်သီးများမှာ နိုဝင်ဘာလဆန်းပိုင်းမှသာ လှိုင်လှိုင်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ ထောပတ်သီးတင်ပို့ရာတွင်  ကမ္ဘာ့ပေါက်ဈေးနှင့်အညီ ထောပတ်သီးတစ်တန်လျှင်ကျပ်၃၅သိန်းဖြင့်ရောင်းချရန် အဆိုပြုထားပြီး ပြည်တွင်း ဈေးကွက်တွင် ရန်ကုန်လက်လီဈေးမှာ တစ်ကီလိုလျှင် ကျပ် ၇၀ဝ၀ UAE ၈၀ဝ၀) အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
ပုံမှန်အားဖြင့် မြန်မာပြည်အနေနှင့် ထောပတ်သီးကို ပြည်ပဈေးကွက် တင်ပို့ ရာတွင်  မှာယူမှုများပြီး နိုင်ငံချင်းနီးစပ်သည့် ထိုင်းနိုင်ငံဈေးကွက်ကို အဓိကထား တင်ပို့နေခြင်းဖြစ်ကာ လက်ရှိတွင် ကြိုတင်အမှာစာပေးပို့ကာ ဝယ်ယူမှုရှိနေသည့် ပြင်သစ်နှင့်   အိန္ဒိယနိုင်ငံများသို့ ဦးစားပေးတင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ထောပတ်သီးကို မန္တလေးတိုင်းဒေသကြီး၊   ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း) စသည့် ဒေသများတွင် တွင်ကျယ်စွာ စိုက်ပျိုးမှုရှိနေကာ ပြည်ပဈေးကွက်အတွက် တိုးချဲ့စိုက်ပျိုးမှုတွေလည်းရှိနေကြောင်း သိရသည်။
တစ်ဧကလျှင် Export Quality ထောပတ်သီးတန်ချိန် ၅၀ဝ၀ မှ ၁၀ဝ၀ဝ ကြား ထွက်ရှိပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု များပြားခဲ့သည့်အတွက် ပြီးခဲ့သည့်ရာသီထက် အထွက်နှုန်း ပိုများနေပြီး ဈေးကောင်းရရှိကြောင်းလည်း သိရသည်။

 

ပန်းဆု