Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၁၄၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့

Mon, 11/20/2023 - 11:04 -- journal_editor

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်မှ ၁၅ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၄၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSX မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း စောင်ရေ ၄၇၁၇၀ ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၄၈ ဒသမ ၁၇ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏  အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ်ယာ ၆၇၁၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၇ ဒသမ ၉၉ သန်း၊Myanmar Thilawa SEZ Holidings Public (MTSH)  က အစုရှယ်ယာ ၁၅၉၀၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၆ ဒသမ ဝ၄ သန်း ရရှိခဲ့ ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် ((MCB) က အစုရှယ်ယာ ၅၇ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ဝ ဒသမ ၄၄ သန်း၊ ပထမပုဂ္ဂလိကဘဏ် FPB က အစု ရှယ်ယာ ၁၀၈၀၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၇ ဒသမ ၃၄ သန်းရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၆၅၄ ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၅၈ သန်း၊ Ever Flow River Group Public (EFR)က အစုရှယ်ယာ ၆၇၁၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၃ ဒသမ ၆၀ သန်း ရရှိခဲ့သည်။ 
ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA)) က အစုရှယ်ယာ ၁၁၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၅၄ သန်း၊ Myanmar Agro Exchange Public Co.,Ltd. (MAEX)  က အစုရှယ်ယာ ၆၂၀၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀ ဒသမ ၆၃ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။      
     

 ပန်းဆု