Main menu

Background

E Commerce Platform ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ကြော်ငြာ၍ ရောင်းချနိုင်ပြီ

Wed, 12/20/2023 - 10:28 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကDigital E-commerce PlatForm တစ်ခု တည်ဆောက်ထားပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များ Exporter  များ၊MSME   လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ ကြပနမ  များနှင့် ချိတ်ဆက် ရောင်းဝယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်၊
ပြည်တွင်းသာမက ပြည်ပမှကုမ္ပဏီများ လုပ်ငန်းရှင်များကလည်း ၎င်းတို့၏ ကုန်ပစ္စည်းများကို E-commerce PlatForm တွင် ပါဝင်ရောင်းချနိုင်မည်ဖြစ်သလို  လုပ်ငန်းရှင်အချင်းချင်း အရောင်းအဝယ်ပြုလုပ်နိုင်ပြီး ပြည်တွင်းထုတ်ကုန်များကိုလည်း ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရန် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာ မည်ဖြစ်သည်၊
ထုတ်ကုန်ပစ္စည်းတစ်ခုချင်းစီ၏ အချက်အလက်များ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်၏ အချက်အလက်များ၊ ဆက်သွယ်ရမည့် လိပ်စာ၊ ကုန်ပစ္စည်း တန်ဖိုး၊ ထုတ်လုပ်သည့်ပမာဏတို့ကို အသေးစိတ်ဖော်ပြထားမည်ဖြစ်ပြီး ကုမ္ပဏီ၊ လုပ်ငန်းရှင်အချင်းချင်း PlatFormပေါ်တွင် တိုက်ရိုက်ချိတ်ဆက်အရောင်း အဝယ်ပြုလုပ်နိုင်မှာဖြစ်ကြောင်း  ဧရာဝတီတိုင်းဒေသကြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်၊ 
                        

 

    မင်းမင်းဦး (ပသ)