Main menu

Background

မန္တလေးကုန်စည်ဒိုင် နှမ်းမျိုးစုံ ဈေးနှုန်း ဈေးကွက်အခြေအနေ

Mon, 01/01/2024 - 12:19 -- journal_editor

မန္တလေးကုန်စည်ဒိုင်သို့ ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်း နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်ရောက်မှု နည်းလာကြောင်း သိရသည်။ နှမ်းမျိုးစုံဈေးကွက်တွင် နှမ်းဖြူနှင့် နှမ်းနက် (စမုန်) ဈေးအနည်းငယ်မြင့်တက်နေပြီး နှမ်းညိုဈေးအေးနေခြင်းမှာ ပြည်တွင်းဈေးကွက် ဝယ်ယူမှုအေးခြင်းကြောင့် ဈေးအေးနေ ကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။
နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၀ဝ၀ဝ မှ ၃၅၅၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၃၁၀ဝ၀ဝ မှ ၃၅၅၀ဝ၀၊ ယခင်လ  ကျပ် ၂၉၅၀ဝ၀ မှ ၃၃၀ဝ၀ဝ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၁၅၀ဝ၀ မှ ၂၅၀ဝ၀ မြင့်တက်လာသည်။ 
နှမ်းဖြူ (ရိုးရိုး) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၂၀ဝ၀ဝ မှ ၃၄၀ဝ၀ဝ၊ ယခင်တစ်ပတ် ကျပ် ၃၀ဝ၀ဝ၀ မှ ၃၃၀ဝ၀ဝ၊ ယခင်လ ကျပ် ၃၂၀ဝ၀ဝ မှ ၃၄၅၀ဝ၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ၀ဝ မှ ၂၀ဝ၀ဝ၊ ယခင်လထက် ကျပ် ၅၀ဝ၀ နိမ့်ကျလာသည်။
နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၆၀ဝ၀ဝ မှ ၃၆၅၀ဝ၀ ၊ယခင်တစ်ပတ် ကျပ် ၃၆၀ဝ၀ဝ မှ ၃၆၅၀ဝ၀၊ ယခင်လ ကျပ် ၃၆၀ဝ၀ဝ ဖြစ် သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၅၀ဝ၀ မြင့်တက်လာသည်။
နှမ်းညို ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ် ပတ် ကျပ် ၂၇၀ဝ၀ဝ မှ  ၂၇၅၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၂၇၅၀ဝ၀ မှ ၂၈၀ဝ၀ဝ၊ ယခင်လ ကျပ် ၂၈၀ဝ၀ဝ မှ ၂၈၅၀ဝ၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ၀၊ ယခင်လထက် ကျပ်  ၁၀ဝ၀ဝ နိမ့်ကျလာသည်။                           

မြင့်မြင့်လှိုင်