Main menu

Background

မိသားစုဝင်ငွေမှသည် စီးပွားဖြစ်ရက်လုပ်သော မြက်ဖျာ

Mon, 03/04/2024 - 10:16 -- journal_editor

မန္တလေးတိုင်းဒေသကြီး  ကျောက် ဆည်ခရိုင် မြစ်သားမြို့နယ် ကြောင်ပန်း ကုန်းကျေးရွာအုပ်စု  ထနောင်းကုန်း ကျေးရွာရှိ မြက်ဖျာလုပ်ငန်းအား လေ့ လာခဲ့သည်။ မြက်ဖျာရက်လုပ်ခြင်း လုပ်ငန်း တွင် အဓိကကုန်ကြမ်းမှာ ဒေသအခေါ် မြက်စလုံးမြက်ကို  အသုံးပြုကြောင်း၊ မြက်စလုံးမြက်မှာ အင်းနှင့်မြစ်ချောင်းကမ်းဘေးများတွင်  အများဆုံးပေါက် ရောက်သော အပင်ဖြစ်သည်။  မြက် စလုံးပင်ကို  ဝယ်စရာမလို အလေ့ကျ ပေါက်သောကြောင့် အရင်းအနှီးမလိုဘဲ ရက်လုပ်  ရောင်းချရသဖြင့်   အကျိုး အမြတ်ပိုမိုရရှိကြသည်။  မြက်ဖျာ  ရက်လုပ်ရန်အတွက် မြက်စလုံးပင်ကိုနုတ်ပြီး အပင်မှပါလာ သော ပန်းပွင့်များကိုဖယ်၍ အခွံများ ကိုသင်ပြီး အခြောက်ခံထားရကြောင်း၊ အခြောက်ခံပြီးနှီးများကို   ဆေးအနီ၊ အဝါ၊ အစိမ်းများထည့်၍  ရေနွေးဖြင့် ၁၅ မိနစ်ခန့်ပြုတ်ထားရကြောင်း ၊ ပြုတ် ပြီးသားနှီးများကို  လက်ကြိတ်စက်ဖြင့် ပြားအောင်ကြိတ်ရကြောင်း၊  ရရှိလာ သော   နှီးများကို   ဖျာရက်လုပ်ရန် အတွက် လိုသလို ရက်လုပ်ကြကြောင်း၊ နှစ်ယောက်အိပ်ဖျာ တစ်ချပ်လျှင် နှီးပင် ၂၄၀ ပင် ရက်လုပ်ရကြောင်း၊ လေး ယောက်အိပ်ဖျာ တစ်ချပ်လျှင် နှီးပင် ၄၈၀ ပင် ရက်လုပ်ရကြောင်း ၊ မြက်ဖျာ ဈေးနှုန်းအနေဖြင့် နှစ်ယောက်အိပ်ဖျာ တစ်ချပ်လျှင်  ကျပ် ၁၁၀ဝ၀-၁၂၀ဝ၀၊ လေးယောက်အိပ်ဖျာ   တစ်ချပ်လျှင်  ကျပ် ၁၅၀ဝ၀ အထိ ရောင်းချရကြောင်း သိရသည်။လူတစ်ဦး  တစ်နေ့ ရက်လုပ်မှု အနေဖြင့် နှစ်ယောက်အိပ်ဖျာ  နှစ်ချပ်   ပြီးစီးကြောင်း၊ လေးယောက်အိပ်ဖျာ ရက် လုပ်မှုတွင် တစ်ချပ်သာပြီးစီးကြောင်း၊ ထနောင်းကုန်းကျေးရွာတွင် အိမ်ခြေ ၁၀ဝခန့်ရှိပြီး မြက်ဖျာရက်လုပ်ခြင်းအား အိမ်ခြေ ၆၀ ခန့် ရက်လုပ်ကြကြောင်း၊ ရက်လုပ်ပြီးသား  ဖျာများကို ငွေကြေး တတ်နိုင်သောသူများမှ     ဝယ်ယူပြီး အခြားမြို့များသို့ သွားရောက်ရောင်းချ ကြကြောင်း၊ အချို့ ဖျာဝယ်ယူသူများမှ လည်း နယ်လှည့်ရောင်းချလျက်ရှိ ကြောင်း၊ ဖောက်သည်ဈေးအနေဖြင့် မြက်ဖျာ တစ်ချပ်လျှင် ကျပ် ၁၀ဝ၀  ခွာ ၍ ရောင်းချရကြောင်း၊ မြက်ဖျာရက်လုပ် သူများအနေဖြင့် အိမ်တွင် အိုးမကွာ အိမ်မကွာနေပြီး အရင်းအနှီးမလိုသော ကြောင့် မိသားစု အပိုဝင်ငွေမှစီးပွားဖြစ် ရက်လုပ်ကြကြောင်း သိရသည်။ မြက်ဖျာ၏ အားသာချက်မှာ နွေ အခါ၌အေး၍ ဆောင်းအခါ၌ နွေး သောကြောင့်  ဝယ်ယူအသုံးပြုသင့် ကြောင်း၊ မြက်ဖျာတစ်ချပ် ဝယ်ယူပြီးပါ က မိုးလုံလေလုံထဲတွင် ခင်းထားမည်ဆို ပါက ၇-၈ နှစ်အထိခံကြောင်း၊ မြက်ဖျာ သည်ဈေးနှုန်းချိုသာပြီး ရာသီဥတုနှင့် လိုက်လျောညီထွေရှိသောကြောင့် ဝယ် ယူသုံးစွဲသင့်ကြောင်း မြက်ဖျာရက်လုပ် သော ကြောင်ပန်းကုန်းကျေးရွာသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

မော်မော်အောင်