Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Mon, 04/01/2024 - 10:37 -- journal_editor

ဘိလပ်မြေ
မော်လမြိုင်မြို့၌ မတ်လစတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ ဈေးနှုန်း အနည်းငယ် မြင့်တက် လာပြီး အရောင်းအဝယ်  ပုံမှန်ရှိနေကြောင်း  သိရသည်။ ယခင်တစ်ပတ်က  ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၁၅၀ဝ၊ ကြံ့တံဆိပ်(အပြာ)ကျပ် ၁၁၂၀ဝ၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၁၀၉၀ဝ ရှိခဲ့ပြီး ယခုတစ်ပတ်တွင်  ကြံ့ နှစ်ကောင်(အနီ) ကျပ် ၁၃၂၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၂၀ဝ၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၁၁၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။
ဓာတ်မြေသြဇာ
မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်း အဝယ် ပုံမှန်ရှိနေသည်။ 
မတ်လစတုတ္ထပတ်တွင်  ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်) ၁၅ါ်၁၅ါ်၁၅  ၅၀ါု ပါတစ်အိတ် ကျပ် ၁၁၅၀ဝ၀၊ ကွန်ပေါင်း ၂၀ါ်၁၂ါ်၁၂ ၅၀ါု ပါတစ်အိတ် ကျပ် ၁၁၀ဝ၀ဝ၊ ကွန်ပေါင်း(ွှ့ငေ ွမသတ ံသတ) ၁၅ါ်၁၅ါ်၁၅ ၅၀ါု ပါတစ်အိတ် ကျပ် ၁၆၀ဝ၀ဝ၊ ပုလဲ(အသေး) ၄၆%  မြန်မာ (ဏြန) ၅၀ါု ပါ  တစ်အိတ်  ကျပ် ၇၈၀ဝ၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) ၅၀ါု ပါတစ်အိတ် ကျပ် ၈၅၀ဝ၀၊ ပိုးသတ်ဆေး အမျိုး အစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၁၀ဝခခ တစ်ပုလင်း ကျပ် ၃၁၀ဝ၊  မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ) ၅၀ဝခခ တစ်ပုလင်း ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။ 
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန် ရှိနေ သည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် ျွှ-၃ တစ်ပေါင်လျှင် ကျပ် ၁၈၀ဝ၊  ျွှ-၅ တစ်ပေါင်လျှင် ကျပ် ၁၆၅၀ ရှိခဲ့ပြီး မတ် ၂၅ ရက်မှ ၃၁ ရက်ထိဈေးနှုန်းမှာ  ျွှ-၃ တစ်ပေါင်လျှင် ကျပ် ၁၈၀ဝ၊  ျွှ-၅ တစ်ပေါင်လျှင် ကျပ် ၁၇၀ဝ ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပေါင် လျှင် ကျပ် ၄၀ ခန့် ဈေးနှုန်းတက်လာခဲ့သည်။ 
မတ်လတတိယပတ်မှစ၍ ရော်ဘာပင်များ အရွကြွေ်ကနေပြီဖြစ်သဖြင့် ရော်ဘာခြံရှင်များအနေဖြင့် ရော်ဘာအစေးခြစ်ခြင်းကို  ရပ်နားထားခြင်းကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာခြင်းဖြစ်သည်။ မော်လမြိုင်မြို့မှ  ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ ၅၀ ါု ပါ တစ်ထုပ်လျှင် ကျပ် ၁၇၅၀၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၃၅၀ဝ၀ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ ၅၀ ါု ပါ တစ်ထုပ်လျှင် ကျပ် ၃၀ဝ၀၊ ရော်ဘာတစ်တန်လျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ကုန်သည်များထံမှ  သိရှိရသည်။                                                                          

                            အောင်မြင့်မြတ် (မွန်)