Main menu

Background

ကြံထွက်ရာသီချိန်ကုန်၍ ပွက်သားဈေးနှင့် သကြားဈေးများ တက်လျက်ရှိ

Mon, 07/01/2024 - 15:33 -- journal_editor

ကြံထွက်ရှိရာ ဒေသအသီးသီးတို့မှ  ကြံထွက်ရာသီချိန်ကုန်၍  ပွက်သားလက် ကျန် နည်းပါးမှုများ ရှိလာကြောင်း တွေ့ ရှိရသည်။ ကြံထွက်ရှိရာ ဒေသများဖြစ် သော  ကသာ၊   ထီးချိုင့်၊  ပြင်ဦးလွင်၊ နောင်ချို၊  ရှမ်းမြောက်တို့မှ ကြံရာသီချိန် တွင် ကျိုချက်ထားသော ပွက်သားများကို မန္တလေးမြို့သို့     တင်ပို့ရောင်းချပြီး သကြားစက်များမှ  ထွက်ရှိသည့် ပြည် တွင်းသကြားများကို မုန့်မျိုးစုံလုပ်ငန်း၊ အချိုရည်လုပ်ငန်း၊   အဖျော်ယမကာ လုပ်ငန်း၊ နို့ချက်လုပ်ငန်းများတွင် အများ ဆုံး အသုံးပြုကြသည်။ 
ပွက်သားဈေးမှာ  ၂၀၂၄၊ ဇွန်လ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ မှ ၂၈၀ဝ၊ သကြားဈေးမှာ တစ် ပိဿာလျှင် ကျပ် ၄၇၀ဝ မှ ၄၉၀ဝ ထိ ဈေးမြင့်တက်လျက်ရှိကြောင်း   သိရှိရ သည်။ 
၂၀၂၃ခုနှစ် ဇွန်လ စတုတ္ထပတ် တွင် ပွက်သားတစ်ပိဿာလျှင် ဈေးနှုန်း မှာ ကျပ် ၂၃၀ဝ-၂၄၀ဝ-၂၅၀ဝ၊ သကြား ဈေးနှုန်းမှာ  တစ်ပိဿာလျှင်   ကျပ် ၃၁၈၀-၃၂၀ဝ ဖြစ်သဖြင့်  ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပွက်သားတစ်ပိဿာလျှင် ကျပ် ၃၀ဝ  ကွာခြားပြီး သကြားဈေးမှာ  တစ်ပိဿာလျှင်  ကျပ် ၁၇၀ဝ ဈေးမြင့် တက်လျက်ရှိပြီး  သယ်ယူစရိတ်နှင့်  လုပ်အားခဈေးနှုန်းများ ပိုမိုလာခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။ 
Source- သကြားနှင့် သကာရည် အသင်း(မန္တလေး)

ခင်မေဝင်း