ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ် မြို့နယ်များတွင် အိမ်ခြံမြေအရောင်းအဝယ် ပိုမို ဖြစ်ထွန်းလာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းထံမှ သိရသည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် လူဦး ရေထူထပ်လာပြီး မြေနေရာ ရှားပါးလာသည့် အတွက် မြေကွက်လက်ဝယ် ပိုင်ဆိုင်လိုသူများ အနေဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ဒဂုံမြို့ သစ် ဆိပ်ကမ်းတို့တွင် ဝယ်လိုအားများပြားနေခြင်း ဖြစ်ပြီး ယင်းမြို့နယ်များအပြင် အခြားသောမြို့နယ် များတွင် ဝယ်လိုအားရှိသော်လည်း မြေကွက်များ သာ အရောင်းအဝယ်ဖြစ်ပေါ် နေကြောင်း သိရ သည်။
]]မြို့သစ်တွေက ဘာလို့ ဈေးတွေတက်နေ လဲဆိုတော့ မြို့သစ်ကို ရွှေ့ပြောင်းလာတဲ့အခါကျ ရင် ီသတည အသတည ခြောက်မြို့နယ်မှာကျတော့ လူဦး ရေ ထူထပ်သွားတယ်။ များသောအားဖြင့် တိုက် ခန်းတွေက ပိုများလာတယ်။ မြေကြီးတွေ နည်း လာတယ်။ မြန်မာတွေက များသောအားဖြင့် မြေ ကြီးကို ကြိုက်ကြတယ်။ ဘယ်လိုကြီးပဲဖြစ်ဖြစ် မြေကြီးနဲ့နေချင်တဲ့ သဘာဝရှိတဲ့အတွက်ကြောင့်မို့ မြို့သစ်ဘက်ကိုရွှေ့တယ်။ အဲဒါကြောင့်မို့ ဒဂုံ မြို့သစ်ဘက်မှာရှိနေတဲ့ နေရာမှာ အစစ အရာရာ ကျောင်းတွေ၊ ဆေးခန်းတွေရှိတယ်။ အခြေခံ အဆောက်အဦးတွေကလည်း အများဆုံးရှိတယ်။ ပိုပြီးတော့ ပြည်စုံတဲ့အတွက်ကြောင့်မို့ အဲလိုနေရာ တွေက ဈေးတက်သွားတာပါ။ ဒါ့ကြောင့်မို့လို့ တချို့နေရာတွေလည်း ဈေးတက်တယ်။ တကယ် ှုညူ်အေငသည ျွအေန နဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့ တက် ဖို့လည်း လိုပါသေးတယ်။ မြို့သစ်က အစစအရာရာ ပြည့်စုံတဲ့အတွက်ကြောင့်မို့ တခြားသော မြို့နယ် တွေထက် ပိုပြီးတက်လာတာဖြစ်ပါတယ်}}ဟု ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဒေါ်မြတ်မိုမိုက ဆို သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ စီးပွား ရေးအရ အချက်အချာကျသည့် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေထိုင်သူ များပြားလာပြီး ရန်ကုန်အိမ် ခြံမြေဈေးကွက် အတက်ဘက်သို့ ဦးတည်လာနေ ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့ရှိ အငှားဈေး ကွက်မှာလည်း ယခုနှစ်အတွင်း ပိုမိုမြင့်တက်လာ ဖွယ်ရှိနေကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများမှ သုံးသပ်ပြောဆိုလျက်ရှိသည်။
ကိုတိုး