Main menu

Background

ပြည်တွင်း ကားဈေး ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်အေးနေ

Tue, 11/05/2024 - 11:00 -- journal_editor

ပြည်တွင်း ကားအရောင်းအဝယ်ဈေးကွက်တွင် ကား ဈေး အနည်းငယ်ကျဆင်းနေပြီး အရောင်းအဝယ် အေးနေ ကြောင်း မော်တော်ကား ဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူများ ထံမှသိရသည်။
ကားဈေးကွက်တွင် ကားအမျိုးအစားလိုက် ဈေးနှုန်း ကျဆင်းမှုများရှိနေပြီး ကျပ်သိန်း ၁၀ဝ၀ နှင့် ကျပ်သိန်း ၂၀ဝ၀ ဝန်းကျင်ကားများ  ဈေးကျဆင်းမှု ပိုမိုများပြားနေကြောင်း ကားဈေးကွက်အတွင်း မှသိရသည်။
]]ကားဈေးကွက်အခြေအနေက လွန်ခဲ့တဲ့ နှစ်လလောက် ကထက်စာရင်တော့   ကားဈေးကွက် ကျပါတယ်။ ကျသင့် သလောက်တော့ ကျသွားပါတယ်။ ဖြစ်သင့်တဲ့ဈေးလည်း ဖြစ် သွားတယ်။ တချို့ကားတွေလည်း ဖြစ်သင့်တဲ့ဈေး မရောက် သေးပါဘူး။ အဲတော့ လက်ရှိကားဈေးကွက် ကျဆင်းနေတယ် လို့ပဲ ပြောရမှာပါ။ ဝါကျွတ်ကာလအပြီးမှာလည်း ကားဈေး ကွက်က အပြောင်းအလဲ သိပ်မရှိပါဘူး"ဟု မြန်မာ့မော်တော် ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်း မြင့်က ပြောသည်။
အရောင်းအဝယ်အေးခြင်း၊   ငွေဈေးမာနေခြင်းနှင့် ဘဏ်အတိုး မြင့်သွားခြင်း၊ ကားဈေးနှုန်း အကျဘက်သို့ သွား နေခြင်းတို့ကြောင့် ကားဈေးနှုန်းများ ကျဆင်းနေခြင်းဖြစ် ကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောဆို ထားသည်။
လက်ရှိကားဈေးကွက်အတွင်း ငွေဖော်လိုသည့်သူများ၊ ကားလဲလိုသည့်သူများမှာ  ဈေးလျှော့ရောင်းချမှုများ  ရှိနေ ကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။ 

 

ကိုတိုး