Main menu

Background

ရန်ကုန်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခု ခွင့်ပြု

Tue, 11/05/2024 - 11:06 -- journal_editor

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၂၂ နေရာအတွက် အလုပ်အကိုင်  ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးလိုက်ကြောင်း သိရ သည်။  ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ လုပ်ငန်းတစ်ခုနှင့် စက်မှုကဏ္ဍ ဃဏြ စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်သည့် လုပ်ငန်းတစ်ခုတို့အား ခွင့်ပြုပေး ခဲ့ခြင်းဖြစ်သည်။  
ယင်းလုပ်ငန်းများကို   ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတွင် ကျပ်သန်း ၈၆၀ နှင့် ဃဏြ အထည် ချုပ်လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၃ သန်းဖြစ်ကြောင်း  သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် အောက်တိုဘာ လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်သည့်လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုတိုး