ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၅၂၅၅ နေရာအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းရှစ်ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၉၀ သန်း တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုပေးခဲ့ပြီး ကျပ်သန်း ၁၅၀ဝ တန်ဖိုးရှိ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကိုလည်း ရင်းနှီးမြှုပ်နှံခွင့်အတွက် အတည်ပြုပေးခဲ့ကြောင်း သိရသည်။ လက်ခစား CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းအမျိုးမျိုး၊ ပြည်တွင်းတွင် ရာနှုန်းပြည့်ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ဆံပင်တုအမျိုးမျိုး ထုတ် လုပ်ခြင်းလုပ်ငန်း၊ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူတံဆိပ်ရိုက်ခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသည့် ပလတ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ကိုတိုး