မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဒီဇင်ဘာလ အတွင်း FX Market Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ရောင်းချပေးမှု သန်း ၁၇၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဒီဇင်ဘာလ အတွင်း ရောင်းချမှုအနေဖြင့် ဒီဇင်ဘာ ၂ ရက်တွင် ဒေါ်လာ ၃၈ သန်းကျော်၊ ဒီဇင်ဘာ ၆ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဒေါ်လာ ၂၈ ဒသမ ၅ သန်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ဒေါ်လာ ၂၈ သန်းကျော်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ဒေါ်လာတစ်သိန်းကျော်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ဒေါ်လာ လေးသန်းကျော် ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၂၇ ရက်အတွင်း ဒေါ်လာ ၁၇၉ သန်းနီးပါး ရောင်းချပေးခဲ့ပြီး တရုတ်ယွမ် ၂၂ သန်းကျော်၊ ထိုင်းဘတ် ၃၆၁ သန်းကျော် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုဝင်ဘာလ အတွင်း ရောင်းချမှုအနေဖြင့် နိုဝင်ဘာ ၄ ရက်တွင် ဒေါ်လာ ၁၅ သန်းကျော်၊ နိုဝင်ဘာ ၆ ရက်တွင် ဒေါ်လာ ၉၀ဝ၀ နီးပါး၊ နိုဝင်ဘာ ၇ ရက်တွင် ဒေါ်လာ ၃၀ဝ၀ ကျော်၊ နိုဝင်ဘာ ၈ ရက်တွင် ဒေါ်လာ ၃၀ဝ၀ ကျော်၊ နိုဝင်ဘာ ၁၄ ရက်တွင် ဒေါ်လာ ၄၀ဝ၀ဝ၀ နီးပါးအထိ FX Trading Platform မှတစ် ဆင့် ထုတ်ရောင်းပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲ လှယ်နှုန်း တည်ငြိမ်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိရာAD လိုင်စင်ရ ဘဏ်များ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ ပါဝင်သည့် FX Market Online Trading Platform ပလက်ဖောင်းမှတစ်ဆင့် အမေရိကန်ဒေါ်လာများ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ နိုင်ငံခြားဈေးကွက်အတွင်း အမေရိကန်ဒေါ် လာများ ဆက်တိုက်ထုတ်ရောင်းပေးခြင်းကြောင့် နိုင်ငံခြား ငွေလဲနှုန်းမှာ သိသိသာသာကျဆင်းလာခဲ့ကြောင်း သိရသည်။
ကိုတိုး