Main menu

Background

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပမည်

Wed, 02/05/2025 - 11:34 -- journal_editor

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စု အဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမည်။
အဆိုပါ ပြပွဲပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန် များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာ အစားအစာများ ခင်းကျင်းပြသရောင်းချပေးမည့်အပြင် ဂီတဖျော်ဖြေပွဲများလည်း ပါဝင်မည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပါဝင်ကြမည့် MSME  လုပ်ငန်းရှင်များအနေဖြင့် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။
ပြိုင်ပွဲတွင် အသေးစား(Micro) ထုတ်ကုန်ဆု၊ အငယ်စား Small ထုတ်ကုန် ဆု၊ အလတ်စား(Medium) ထုတ်ကုန်ဆု၊ ကုန်ထုတ်သမဝါယမ အသင်းများ၏ စွမ်း ဆောင်ရည်ဆုများ ချီးမြှင့်မည်ဖြစ်ပြီး ပထမဆု ငွေကျပ်သိန်း ၃၀၊ ဒုတိယဆု ငွေကျပ် သိန်း ၂၀၊ တတိယဆု ငွေကျပ် ၁၀ သိန်း သတ်မှတ်ထားသည်။
အသေးစား စက်မှုလက်မှုလုပ်ငန်းထုတ်ကုန်ဆုတွင် စားသောက်ကုန် စံပြ ထုတ်ကုန်ဆု၊ လူသုံးကုန် စံပြထုတ်ကုန်ဆု၊ ရက်ကန်း စံပြထုတ်ကုန်ဆု၊ လက်မှု ထည် စံပြထုတ်ကုန်ဆုဖြင့် လေးမျိုး သတ်မှတ်ထားကြောင်း သိရသည်။ 
ယင်း ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ဒေသတွင်းMSME လုပ်ငန်းများ၏ ထုတ် ကုန်နှင့် ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရေး၊ တန်ဖိုးမြှင့်ထုတ်ကုန် အမယ်သစ်များ ပြည်တွင်းတွင် ပိုမိုသုံးစွဲနိုင်ရေး၊ ပြည်ပသို့ ဈေးကွက်တိုးချဲ့တင်ပို့ နိုင်ရေး၊ ဒေသအလိုက် ဒေသတစ်ခု ထုတ်ကုန်တစ်ခု(OROP) အောင်မြင်ရေးအတွက် အားပေးမြှင့်တင်နိုင်ရေး၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုချိတ်ဆက်လာစေ ရေး၊ MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်ကာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။                                                              

 ကိုတိုး