Main menu

Background

ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ လစာငွေ သို့မဟုတ် အခြားဝင်ငွေကို ဘဏ်လမ်းကြောင်းမှ လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ကို တင်သွင်းခွင့်ပြုမည်

Tue, 03/04/2025 - 12:39 -- journal_editor

နိုင်ငံတော်တွင်  လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှု ပိုမို တိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်း ရေးကိစ္စအား အထောက်အကူပြုရန် ရည်ရွယ်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများက မိမိ တို့ရရှိသည့် လစာငွေ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာ နိုင်ငံသို့  ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်း အပေါ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံး မော် တော်ယာဉ်/လျှပ်စစ်သုံး  မော်တော်ဆိုင်ကယ်  တင်သွင်းရန် အတွက် ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်)နှင့် အခြားဝင်ငွေရရှိသူများသည် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာငါးသောင်းနှင့်အထက် လွှဲပို့ပါ က စုစုပေါင်းလွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်း တန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံး မော်တော် ယာဉ် /လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီး နှုန်းဖြင့် ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကျုံးဝင်သူ များအနေဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်/ လျှပ်စစ်သုံးမော် တော်ဆိုင်ကယ် တင်သွင်း ခွင့်ပြုရာတွင် တစ်ဦးတစ်ယောက် ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်း မှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် အောက် တိုဘာ ၂၆ ရက်တွင် အသိပေးကြေညာချက်ဖြင့် ထုတ်ပြန်ထား ကြောင်း သိရသည်။
အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ် /လျှပ်စစ်သုံးမော် တော်ဆိုင်ကယ် ဝယ်ယူတင်သွင်းခွင့်ပြုသည့် အစီအစဉ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ စတင်ရေတွက်ခွင့်ပြု သွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ဝ၆၇-၃၄၀၈၄၃၃ နှင့် နာငေူ - ိသအအမငေညငညါ၂၀ဝ၈ဏ္ဍ ါာငေူ.ခသာ များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။