Main menu

Background

ဓာတ်သတ္တု(ရွှေ )ရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်

Wed, 04/09/2025 - 11:00 -- journal_editor

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့်  လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသူများကို အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှု ဥပဒေပုဒ်မ (၅) နှင့် အညီ အရေးယူခြင်းခံရမည်ဖြစ် ကြောင်း သိရသည်။
ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း  လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့်   လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ၁၇ရက်ထိ နောက် ဆုံးထား လျှောက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသည့် ရွှေဆိုင်များကို အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) နှင့်အညီ အရေးယူသွားမည် ဖြစ်သည်။ 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့သည် အောက်တိုဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာ စာအမှတ်၊ ၃၅/၂၀၂၄ ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ)အရ ဓာတ်သတ္တု (ရွှေ) ရောင်း ဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ် မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင် ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး   ဝန်ကြီးဌာနအား  အပ်နှင်းခဲ့ သဖြင့် ဝန်ကြီးဌာနက  ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ် မှတ်သည့်အမိန့်ကို ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာ ၊ ၂၅ ရက် တွင် အမိန့်ကြော်ငြာစာအမှတ် ဝ၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။
ထို့ပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှစတင်၍ ဓာတ် သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ သိပ် သည်းဆ ၁၉ဒသမ၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက် ရှိသော စံချိန်မီရွှေတစ်ကျပ်သား (၁၆ဒသမ၃၂၉၃၂၅ ဂရမ်) ၏ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ မြန်မာ့အသံ ရေဒီယို၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး  ဌာန၏ အင်တာနက် စာမျက်နှာ တတတ.ာငညငညါ.ါသလ.ာ နှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(ွ့နဗ) ၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတို့တွင် နေ့စဉ် ထုတ် ပြန်လျက်ရှိကြောင်း သိရသည်။ 
ရွှေလိုင်စင်  လျှောက်ထားရန် သတ်မှတ်ထားသည့် ကာလ နှစ်လကျော်အတွင်း လျှောက်လွှာစောင်ရေ ၁၀ဝ၀ ကျော်ထုတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေး အဖွဲ့မှ သိရသည်။

ကိုတိုး