Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) အား ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ ပြသသွားမည်ဖြစ်ပြီး မြန်မာသံရုံးအပါအဝင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့်ပတ် သက်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက် လေ့လာနိုင်ကြောင်း သိရသည်။
ယင်းပြပွဲအား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့် အလမ်းများအတွက် ပြခန်းများလာရောက်ပြသနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု ပြပွဲသည် အမျိုးမျိုးသော နယ်ပယ်များနှင့် ကဏ္ဍပေါင်းစုံတွင် နိုင်ငံ ခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးအတွက် ရည်မှန်း ကျင်းပသော နိုင်ငံတကာအဆင့်မီပြပွဲကြီးဖြစ်ကာ နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများနှင့် ထိတွေ့ဆွေးနွေးနိုင်ကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လို အပ်ချက်များကို တစ်နေရာတည်းတွင် လေ့လာနိုင်သည့် Global Platform Global Platform တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ IME ပြပွဲသည် နိုင်ငံအလိုက်၊ ဒေသအလိုက် ရင်းနှီး မြှုပ်နှံမှုများ၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး အခွင့်အလမ်း များအတွက် ဝန်ကြီးဌာနများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးဆိုင်ရာအဖွဲ့အစည်းများ Investment Promotion Agencies) များနှင့် အခြားသော ှအေုန့သိူနမ များအကြား အကျိုးရှိစေမည့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ရက်တစ်ခုလည်းဖြစ်ကြောင်း၊ IME သို့ ဂျာမနီ၊ ပြင်သစ်နှင့် အခြားသော ဥရောပနိုင်ငံများ၊ အမေရိကန် နှင့် အာရှနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းနိုင်ငံများ၊ အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံများစွာမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးဝန်ကြီးများနှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြ သော Investment and Technology Promotion Office of United Nations Industrial Development Organization (UNIDO ITPO) European Investment Bank (EIB) OECD နှင့် The German Society for International Cooperation (GIZ) တို့မှ ကိုယ်စားလှယ် များ၊Investment Promotion Agencyများ၊ ဂျာမနီအခြေစိုက် သံရုံး များနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများနှင့် သံတမန် များ၊Industry Expert များ၊ မိသားစုစီးပွားရေးလုပ်ငန်းများ၊ အိမ်ခြံ မြေနှင့် အခြေခံ အဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံလိုသူများနှင့်SMEs လုပ်ငန်းရှင်များ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ တက် ရောက်လေ့ရှိကြကြောင်း သိရသည်။
ယခုနှစ်ကျင်းပမည့် IME ရင်းနှီးမြှုပ်နှံမှုပြပွဲ ပြပွဲကိုInvesting in Tomorrow, Pathways to a Sustainable Future ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များကို သိရှိ လိုပါက ၎င်းတို့၏Website ဖြစ်သေhttp://ime-europe.eu/exhibitors/ သို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
ထို့ပြင် ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ပါဝင်တက်ရောက်လိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-ဝ၆၇-၄၀၈၆၂၂၊ E-mail: event.td. myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေး သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုတိုး