ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီရုံး၌ မတ် ၂၂ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်း ဒေသ ကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် အမေရိကန်ဒေါ်လာ သုံးသန်းကျော် တန်ဖိုးရှိ ရင်းနှီး မြှုပ်နှံမှုနှစ်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရ သည်။
ယင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံ သူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသ ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုကို အတည်ပြုပေးပြီး လုပ်ငန်းများမှာ ဃဏြ စနစ်ဖြင့် တနမေငညါ စေစမေနူ အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းများဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၆၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၈၀၂ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုတိုး