Main menu

Background

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်း တိုးမြှင့်ထုတ်လုပ်ရေး စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP တို့ လက်မှတ်ရေးထိုး

Mon, 05/05/2025 - 11:06 -- journal_editor

ရတနာကမ်းလွန်စီမံကိန်း  သဘာဝဓာတ်ငွေ့မြေတွင် အထွက်နှုန်းကျဆင်း လာခြင်းကို ကုစားနိုင်ရန်အ တွက် တိုးမြှင့်သဘောတူညီချက်ကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEP International  တို့အကြား ဧပြီ ၉ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 
နိုင်ငံတော်၏ အားထားရသည့် ကမ်းလွန်စီမံကိန်းတစ်ခုဖြစ်သည့် ရတနာ ကမ်းလွန် သဘာဝဓာတ်ငွေ့မြေတွင် အထွက်နှုန်းကျဆင်းလာခြင်းကို ကုစားနိုင်ရန် အတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International  တို့ အထွက်နှုန်းတိုးမြှင်ရေး ပူးပေါင်းဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နှစ်အတွင်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ပူးပေါင်းဆောင် ရွက်ပေးကြသည့် ဆက်စပ်ဝန်ကြီးဌာနများနှင့် အထူးကြိုးစားဆောင်ရွက်ခဲ့ကြသည့်  စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ PTTEP International Ltd.  မှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လွင်ကဆိုသည်။
ယင်းသို့ ချုပ်ဆိုသည့် စာချုပ်အရ ပိုမိုတိုးမြှင့်ထွက်ရှိလာမည့် သဘာဝဓာတ် ငွေ့များကို မြန်မာနိုင်ငံ ပြည်သူများသာမက ထိုင်းနိုင်ငံ ပြည်သူများအနေဖြင့်လည်း မျှဝေသုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်း၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သစ်စွမ်းအင်ကုမ္ပဏီTotal Energies-TTE   နှင့် အမေရိကန်လုပ်ငန်း Chevron တို့မှ  ရတနာကမ်းလွန်စီမံကိန်းမှ ထွက်ခွာခဲ့ပြီးနောက် ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP International  မှ ပြည်တွင်းတွင် လုပ်ငန်းများ လုပ်ကိုင်နေခြင်း ဖြစ်သည်။