ငလျင်ဒဏ်သင့်ဒေသများရှိ အများပြည်သူများနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြုပြင်ရန် နှင့် ပြည်သူလူထု၏ တိုက်တာနေအိမ်များ တည်ဆောက်နိုင် ရန်အတွက်Max Cement မှ စက်ရုံတိုက်ရိုက်ဈေးများ သတ် မှတ်ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အများပြည်သူများနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြုပြင်တည်ဆောက်ရန်အတွက် ဝယ်ယူ ပါက တစ်အိတ်လျှင် ကျပ် ၁၇၅၀ဝ နှုန်းဖြင့် ရောင်းချပေးလျက် ရှိပြီး ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ပြည်သူများအနေဖြင့် မိမိ တို့၏ တိုက်တာနေအိမ်များ ပြုပြင်တည်ဆောက်ရန် ဝယ်ယူ မည်ဆိုပါက တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
ဘိလပ်မြေများအား ပြင်ပဈေးကွက်တွင် စက်ရုံက သတ်မှတ်ပေးထားသည့် ဈေးနှုန်းထက် အဆမတန် ဈေး တင်ပြီး ရောင်းချမှုများမရှိစေရန် စက်ရုံက တိုက်ရိုက်မှာယူနေ သည့် ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့် ပြန် လည်ရောင်းချပေးရန် ဝန်ခံကတိ လက်မှတ်ရေးထိုးပြီးမှသာ ဖြန့်ချိပေးခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်သင့်နေရာများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်Max Cement တောင်ဖီလာ ဘိလပ်မြေစက်ရုံမှ နေ့စဉ် တန် ၁၅၀ဝ မှ တန် ၁၈၀ဝ အထိ ထုတ်လုပ်လျက်ရှိပြီး ရေရှည်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်လည်း စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
Max Cement တောင်ဖီလာဘိလပ်မြေစက်ရုံမှ နေ့စဉ် ထုတ်လုပ်လျက်ရှိသည့် ဘိလပ်မြေများကို သိုလှောင်ထားခြင်း မရှိဘဲ အမှန်တကယ် လိုအပ်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းခွင်များနှင့် သုံးစွဲသူများလက်ဝယ်သို့ ဖြန့်ခွဲရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့်လည်း ငလျင်ဘေးဒဏ်သင့် ဒေသ များတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အသုံးပြုနိုင် ရန် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့်လည် ပတ်နိုင်ရေးနှင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်သည့် အကူအညီများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ကိုတိုး