Main menu

Background

ပြည်တွင်း စက်သုံးဆီဈေး ကျဆင်းလာ

Mon, 05/05/2025 - 11:30 -- journal_editor

ပြည်တွင်းစက်သုံးဆီဈေး ပြန် လည်ကျဆင်းလာပြီး  တစ်လီတာလျှင် ကျပ် ၃၀ဝ၀ အောက်သို့ ကျဆင်းလာ ကြောင်း စက်သုံးဆီအရောင်းဆိုင်များ ၏ ဈေးနှုန်းများအရ သိရသည်။
စက်သုံးဆီဈေးမှာ ဧပြီ ၃၀ ရက် ရန်ကုန်ဈေးကွက်တွင် လက်လီဈေး အောက်တိန်း ၉၂ ျွသည တစ်လီတာလျှင် ၂၈၀၅ ကျပ်၊ အောက်တိန်း ၉၅ ျွသည တစ်လီတာလျှင် ၂၈၆၅ ကျပ်၊  ဒီဇယ် တစ်လီတာ ၂၄၃၅ ကျပ်၊    ပရီမီယံ (ဏမနာငကာ) ဒီဇယ်   တစ်လီတာလျှင် ကျပ် ၃၀၁၀ ဝန်းကျင်ဖြင့်  ဈေးကျဆင်း လာခြင်းဖြစ်သည်။
မန္တလေးမြို့တွင်မှု အောက်တိန်း ၉၂ ျွသည တစ်လီတာလျှင် ကျပ် ၂၉၂၀၊ အောက်တိန်း ၉၅ ျွသည တစ်လီတာလျှင် ၂၉၇၅  ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၅၀ ကျပ်၊ ပရီမီယံ (ဏမနာငကာ) ဒီဇယ် တစ် လီတာလျှင် ၃၁၂၅ ကျပ်ဝန်းကျင်ဖြင့် လည်းကောင်း၊ နေပြည်တော်တွင် စက် သုံးဆီလက်လီဈေး အောက်တိန်း ၉၂ ျွသည တစ်လီတာလျှင်  ၂၈၈၅ ကျပ်၊ အောက်တိန်း ၉၅ ျွသည တစ်လီတာလျှင် ၂၉၄၅  ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ်၊ ပရီမီယံ(ဏမနာငကာ) ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၀၉၀ ဝန်းကျင်ဖြင့် ဈေး    ကျဆင်းလာခဲ့ခြင်းဖြစ်သည်။   စင်ကာပူနိုင်ငံ၏  ြဥဏှ စက်သုံးဆီ ဈေးနှုန်းသည် အတတ်အကျမရှိ ပုံမှန် အတိုင်းရှိနေကြောင်း သိရသည်။ 
လက်ရှိစက်သုံးဆီ အခြေအနေ နှင့် ပတ်သက်၍ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း   ကြီး ကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်း စက်သုံးဆီ ဖူလုံမှုရှိစေရန်နှင့် ပြတ်လပ် မှုမရှိစေရေး      ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

ကိုတိုး