ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်းပမာဏရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်နှစ်ခုကို ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း နှစ်ခုတို့ကို အတည်ပြုပေးပြီး အတည်ပြုပေးသည့် လုပ်ငန်း များမှာ ဃဏြ စနစ်ဖြင့် တနမေငညါ စေစမေနူ အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းနှင့် ပြည်ပသို့ ၂၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်း၌ ၈၀ ရာခိုင်နှုန်းရောင်းချမည့် သစ်အခြေခံသော သစ်သားပြားအမျိုးမျိုးနှင့် ပရိဘောဂအမျိုးမျိုး ထုတ် လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၀ဝ၅ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အစည်းအဝေးတွင် မတည်ရင်းနှီးငွေ တိုးမြှင့်သည့် ကုမ္ပဏီ သုံးခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၂ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကိုတိုး