Main menu

Background

အိန္ဒိယကုန်စည်ပြပွဲ၌ ပါဝင်ပြသရန် မြန်မာလုပ်ငန်းရှင်များကို ဖိတ်ခေါ်

Mon, 07/07/2025 - 14:05 -- journal_editor

၂၀၂၅-၂၀၂၆ ခုနှစ် အိန္ဒိယအပြည်ပြည်ဆိုင်ရာ မီဂါ ကုန်စည်ပြပွဲတွင် ပါဝင်ပြသရန်  မြန်မာစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ယင်းပြပွဲကို လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့တွင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်G.S Marketing Associationတို့ ပူးပေါင်းကျင်းပသွားမည်ဖြစ်သည်။
ပြပွဲတွင် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ စားသောက်ကုန်၊ အဝတ်အထည်၊ အထည်အလိပ်၊ အိမ်အသုံးအဆောင်ပစ္စည်း၊ မီးဖို ချောင် သုံးပစ္စည်း၊ လက်ဝတ်ရတနာများနှင့် စက်ပစ္စည်းများ စသည့် ကုန်ပစ္စည်းမျိုးစုံ ကို နိုင်ငံပေါင်း ၁၈နိုင်ငံမှ  ကုမ္ပဏီများနှင့် လုပ်ငန်းများမှ   ပါဝင်ပြသသွား မည်ဖြစ်သည်။ 
သို့ဖြစ်ရာ  ကုန်စည်ပြပွဲမှာ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲတွင် ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း  မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံအတွက် ပြခန်း အရေအတွက်အလိုက် လျှော့ဈေး ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရရှိ မည်ဖြစ်ကြောင်း သိရသည်။ 

ကိုတိုး