ယခုဘဏ္ဍာနှစ်တွင် ပြည်တွင်းမှ ထုတ်လုပ်သော မြန်မာ့ရော်ဘာများကို ပြည်ပသို့ တန်ချိန် ၃၈၀ဝ၀ဝ ခန့် တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။
နှစ်စဉ် ပြည်တွင်းမှထုတ်လုပ်သော ရော်ဘာများ၏ ၆ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၌ အသုံးပြုပြီး ၉၄ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိကာ တရုတ်နိုင်ငံသို့ ၇၅ ရာခိုင်နှုန်းနှင့် ကျန် ၁၉ ရာခိုင်နှုန်းကို မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် ဗီယက်နမ် စသည့်နိုင်ငံများသို့ အဓိကထား တင်ပို့လျက်ရှိသည်။
ပြည်တွင်း၌ အရည်အသွေး ပြည့်မီသော အဆင့်မြင့် ရော်ဘာများ ထုတ်လုပ်ကာ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်စေရန် ရော်ဘာလုပ်ငန်းရှင်များကို နိုင်ငံတော်မှ ချေးငွေများထုတ် ချေးပေးလျက်ရှိကြောင်းနှင ့် အထူးသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးထားသော ရော်ဘာမှိုင်းရုံ လုပ်ငန်းရှင်များကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သက် သာသော အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ သည်။
ပြည်တွင်း၌ ရော်ဘာပင်ကို မွန်ပြည်နယ်၌ အများဆုံး စိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌လည်း ရော်ဘာပင်များ အများ အပြားစိုက်ပျိုးထားသည့်အပြင် ယခုနောက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့ရှိ ဒေသတချို့တွင်လည်း ရော်ဘာခြံများ စိုက်ပျိုးလာ ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မတ်လ အထိ ရော်ဘာတန် ချိန်ပေါင်း ၃၂၆၀ဝ၀ တင်ပို့ရန် လျာထား ခဲ့ပြီး တန်ချိန် ပေါင်း ၃ သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ အမေ ရိကန်ဒေါ်လာ သန်း ၅၀ဝ နီးပါးရရှိခဲ့ကြောင်း သိရသည်။
Background