Main menu

Background

ဆန်စက်လုပ်ငန်းနှင့် MSMEs လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးမည်

Mon, 10/13/2025 - 12:21 -- journal_editor

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့စီးပွား ရေးဘဏ်မှ ဆန်စက်လုပ်ငန်းများ အပါအဝင် အသေးစား၊ အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများ (MSME ) ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ချေးငွေမူဝါဒနှင့် ကိုက်ညီမှုရှိသည့် လုပ်ငန်းရှင်များသို့ သက် သာသောအတိုးနှုန်းဖြင့်  ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် (မန္တလေးတိုင်းဒေသကြီးရုံး) မှ အသိပေးထုတ်ပြန် ထားသည်။
ဆန်စက်လုပ်ငန်းများအပါအဝင် ြှနြ လုပ်ငန်းများမှ ပြည်တွင်း တွင် လိုအပ်သောစက်ပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းလိုခြင်း၊ လုပ်ငန်းများ ပိုမိုတိုးချဲ့လိုခြင်းအတွက် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေများရယူနိုင်ကြောင်း သိရသည်။  ယင်းအစီအစဉ်အရ JICE MSME Two Step Loan ချေးငွေစနစ် ဖြင့် အများဆုံးကျပ်သန်း  ၅၀ဝ၊ MSME ဖွံ့ဖြိုးတိုးတက်ရေးချေးငွေစနစ် ဖြင့် အများဆုံး ကျပ်သန်း ၁၀ဝ ထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ မြို့နယ်ဘဏ်ခွဲများတွင် လျှောက် ထားရယူနိုင်ကြောင်း အသိပေးထားသည်။                                    

ကိုတိုး