သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မာစံချိန်စံညွှန်း ၉၄၈ ခုကို အတည်ပြုချ မှတ်နိုင်ခဲ့ပြီး ပြည်တွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ရပ်လုံးတွင် စံချိန်စံညွှန်း များနှင့်အညီ ကျင့်သုံးခြင်းဖြင့် မိမိတို့၏ ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိစေခြင်းကြောင့် ကုန်သွယ်မှုတွင် လွယ်ကူ ချောမွေ့စေပြီး ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်မည်ဖြစ်ကြောင်း အမျိုးသားစံချိန်စံညွှန်း ကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ပြောသည်။
အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ကြီးက နိုင်ငံတကာစံချိန် စံညွှန်း ရေးဆွဲသည့် ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာစံချိန်စံညွှန်းများ ပေါ်ထွက် လာစေရန် ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ပြုရန် ရည်ရွယ်၍ အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့သည့် ကမ္ဘာ့စံချိန်စံညွှန်းနေ့ (၁၃)ကြိမ်မြောက် အခမ်း အနားတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားခဲ့ခြင်းဖြစ် သည်။
ကမ္ဘာ့စံချိန် စံညွှန်းနေ့(၂၀၂၅)၏ ဆောင်ပုဒ်မှာ “Shared Vision for a Better World: Spotlight on SDG 17- Partnerships for the Goals” (ပိုမို ကောင်းမွန်သော ကမ္ဘာကြီးအတွက် မျှော်မှန်းချက် များမျှဝေခြင်း-SDG 17 ရည်မှန်းချက်ပန်းတိုင်များအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု) ဖြစ်ပါ ကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများသည် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုး တက်မှုအတွက် မရှိမဖြစ်လိုအပ်ခြင်းကြောင့် နည်းပညာနှင့် ဆန်းသစ်တီထွင် မှုများကို အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော သည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များဖြစ်ကြ သော ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စံချိန်စံညွှန်း လုပ်ငန်းကော်မတီဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊MSMEs အသင်းအဖွဲများမှ ကိုယ်စားလှယ်များနှင့် အရည် အသွေးကိုက်ညီမှု စစ်ဆေးရေးဆိုင်ရာအဖွဲ့များမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြောင်း သိရသည်။
ကိုတိုး
