ဆီစက်အကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ် သိန်းတစ်သောင်းအထိ ချေးငွေများ တိုးမြှင့်ထုတ် ချေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်ရောင်း ချနေသော ဆီစက်များ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့် တင်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းများ အဆင်ပြေစွာဆောင်ရွက် နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၅၀ မတည်ထူထောင်ပေးခဲ့ပြီး တစ်နှစ်လျှင် အတိုးနှုန်း ငါး ရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။
ယခင်က ချေးငွေထုတ်ချေးခြင်းကို မြန်မာစီးပွားရေး ဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တိုသာ ဆောင်ရွက် ခဲ့ရာမှ ယခု င်္ဏှု ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ် ၁၄ ခုပါ ဝင်လာမည်ဖြစ်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ အစီ အစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ချေးငွေပမာဏကိုလည်း ယခင်က ဆီစက်လုပ်ငန်းရှင်တစ်ဦး လျှင် ငွေကျပ် သိန်း ၃၀ဝ၀ ထိသာ ထုတ်ချေးခဲ့ရာမှ ယခုငွေ ကျပ်သိန်း ၅၀ဝ၀ အထိ တိုးမြှင့်ထုတ်ချေး ခွင့်ပြုထားပြီး ဆီစက်အကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေ ကျပ်သိန်း ၁၀ဝ၀ဝ အထိ ထုတ်ချေးမည်ဖြစ်ကြောင်း ဆက် လက်ပြောကြားသည်။
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ အစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (ဏမေအငခငစအေငညါ င်္ငညညေခငေူ ှုည ျအငအကအငသည-င်္ဏှု)အဖြစ် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ် ၁၄ ခုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို နိုဝင် ဘာ ၂၂ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းနားကို ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်း အဖွဲ့၊ အဖွဲ့ဝင်များ၊ ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတစ်ဝန်းရှိ ဆီစက်လုပ် ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေး ငွေကို စနစ်တကျရယူ၊ ထုတ်ချေးခြင်းဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးမှုနှင့် အရည်အသွေးမြင့်သော စားသုံးဆီများ ဖြန့်ဖြူး ရောင်းချပေးနိုင်မည်ဖြစ်၍ နိုင်ငံခြားမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲရမှု လျော့နည်းသက်သာ စေမည်ဖြစ်ကြောင်း သိရသည်။
ကိုတိုး
