ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍမှ ယခုနှစ်အတွင်း နိုင်ငံ ခြားငွေ အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော် ရရှိသည့် လုပ်ငန်း အဖြစ် ရပ်တည်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း(၁၀) နှစ်တာ မဟာဗျူဟာအစီအစဉ် (၂၀၂၅-၂၀၃၄) တွင် ဖော်ပြထားသည်။
လာမည့်ဆယ်စုနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်းသည် လုပ်သားအင်အား ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၆ သန်းအထိ ခန့် ထားနိုင်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိ လုပ်ငန်း အဖြစ် ကြီးထွားလာစေရေး မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း MGMA)) က လျာထားဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းသွင်းပြီး ပြည်တွင်းတွင် ပြန်လည်ချုပ်လုပ်သည့် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိတွင် ကိုယ်တိုင်ထုတ်လုပ်တင်ပို့သည့် အထည်ချုပ် စက်ရုံအရေအတွက် ၅ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံများ တိုး လာစေရေး လိုအပ်လျက်ရှိသည်။
ထို့ကြောင့် အထည်ချုပ်ကုန်ကြမ်း ထုတ်လုပ်သည့် တရုတ် နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး လက်ခစား CMP စနစ်မှ ကိုယ်တိုင် ကုန်ကြမ်းထုတ်၊ ကုန်ချောပို့သည့် Free on Board (FOB) စနစ်ကို ကူးပြောင်းနိုင်မှသာ ပို့ကုန်ဝင်ငွေ ငါးဆနီးပါး မြင့်တက်လာ မည်ဖြစ်ကြောင်း မြန်မာ-တရုတ် အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (CTGAက သုံးသပ်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဝင် စက်ရုံပေါင်း ၅၂၃ ရုံရှိသည့်အနက် ၆၀ ရာခိုင်နှုန်းက ဥရောပ ဈေးကွက်၊ ၂၀ ရာခိုင်နှုန်းက ဂျပန်ဈေးကွက်နှင့် ကျန် ၂၀ ရာခိုင်နှုန်း က အခြားဈေးကွက်များထံသို့ တင်ပို့နေခြင်းဖြစ်သည်။
ပြည်တွင်းတွင် ချုပ်လုပ်ပြီးအထည်တင်ပို့မှုကို လေ့လာကြည့် ပါက ၂၀၂၂ ခုနှစ်တွင် အများဆုံး တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်း တင်ပို့မှု လျော့ကျခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့အထည်ချုပ်ကဏ္ဍမှ ပို့ကုန် ဝင်ငွေ ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ဒေါ်လာ ၇၅၀ သန်းခန့် ဝင်ငွေရရှိမှု လျော့သွားကြောင်း သိရသည်။
ကိုတိုး
