Main menu

Background

ပခုက္ကူကုန်စည်ဒိုင်ရှိ လယ်ယာထွက်ကုန် ဈေးနှုန်း

Tue, 06/09/2026 - 11:27 -- journal_editor

ကြက်သွန်နီ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ကြက်သွန်နီ   စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူ မြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများ၊   စစ်ကိုင်းဒေသကြီးအတွင်းရှိ ပုလဲနယ်မှလည်း ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေ ဖြင် မေလ  စတုတ္ထပတ်တွင် ဈေးနှုန်းအနည်းငယ် တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ကုန်ချိန် ၅၀ဝ၀ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ သည်။
မေလစတုတ္ထပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ် ၂၂၀ဝ၊ အလတ် ကျပ် ၁၉၀ဝ၊ အနိမ့်စ ကျပ်၁၅၀ဝ ဖြစ်ပြီး ယခင် ဧပြီလစတုတ္ထပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၅၀ဝ ခန့် တက်လာကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့  နေ့စဉ်တင်ပို့နေပြီး ပိဿာချိန် ၃၀ ဝင် အိတ် ၁၀ဝ၀ မှ ၂၀ဝ၀ ထိ တင်ပို့နေကြောင်း သိရှိရသည်။
ပဲစင်းငုံ
ပဲစင်းငုံနီ ဈေးနှုန်းများမှာ တစ်တင်းလျှင် ယခုနှစ် ဖေဖော်ဝါရီလတွင် အမြင့်ဈေး ကျပ် ၁၀၂၀ဝ၀၊ မတ်လတွင် ကျပ် ၉၃၅၀ဝ-၉၄၀ဝ၀၊ ဧပြီလတွင် တစ်တင်းလျှင် ကျပ် ၉၆၂၀ဝ ဈေးဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး  မေလစတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၉၇၀ဝ၀-၉၇၂၀ဝ ဖြင့် ဈေးတက်လာကြောင်းသိရသည်။ ပဲစင်းငုံသီးနှံသည် ပြည်ပို့ကုန်ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအားပေါ်မူတည်ပြီး  နေ့စဉ်နှင့်အမျှ  ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။
ထောပတ်ပဲ                                                                                                                                                                                                                                                                                            ထောပတ်ပဲဈေးနှုန်းများမှာ မေလစတုတ္ထပတ်တွင် ကျွန်းထောပတ်ပဲဖြူ တစ်တင်းလျှင် ကျပ် ၇၀၅၀ဝ၊ ယောထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၇၁၀ဝ၀ဈေးဖြစ်၍ မေလပထမပတ်က ကျွန်းထော ပတ်ပဲဖြူ တစ်တင်းလျှင် ကျပ် ၆၄၀ဝ၀၊ ယောထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၆၅၀ဝ၀ ဖြစ်ခဲ့ပြီး ပထမပတ်နှင့်  နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ ဈေးတက်၍ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်မှုမှာ အိတ်ရေ ၃၀ဝ မှ ၁၀ဝ၀ အထိရှိကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်း(CP)ကို ပြည်တွင်းမွေးမြူရေးလုပ်ငန်းများမှ  ကုန်ကြမ်းတိရစ္ဆာန် အစားအစာအဖြစ်  အသုံးပြုပြီး  အပင်များကိုလည်း ကျွဲ၊ နွားများအတွက် အစာအဖြစ် အသုံးပြုကြသည်။ ပြည်ပပို့ကုန်အဖြစ် ထိုင်းနိုင်ငံ၊  တရုတ်နိုင်ငံများသို့လည်း နှစ်စဉ်တင်ပို့နိုင်၍ ပြည်တွင်းဈေးကွက် အခိုင်အမာသိရှိရသည်ရှိ၍ ပခုက္ကူဈေးကွက်တွင်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
မေလဒုတိယပတ်တွင် အစေ့ထုတ်ပြောင်း (CP) ဝင်ရောက်မှုအနေဖြင့် နေ့စဉ်တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ်  ၃၀ဝ-၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ယခုအချိန်တွင် သီးနှံပေါ်ချိန်မဟုတ်၍   ဈေးကွက်သို့  ကုန်ဝင်ရောက်မှုနည်းပြီး ဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ယခုမေလ စတုတ္ထပတ်တွင် အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၂၈၀ဝ၀-၂၈၈၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး မေလ ပထမပတ်က တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀-၂၈၀ဝ၀ ဈေးဖြစ်၍ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ ခန့် ဈေးမြင့်တက်လာသည်။

လှိုင်ဥမ္မာဦး (ပခုက္ကူ)