ကျိုက်ထိုမြို့နယ်သည် ပင်လယ်နှင့် နီးစပ်ပြီး မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသော ရေထွက်ကုန်များ အဓိကဝင်ရောက်ရာနေရာ ဖြစ်သောကြောင့် ငါးခြောက်ဈေးကွက်မှာ အခြားဒေသများထက် ပိုမိုစည်ကားသည်။
မေလသည် မိုးဦးကျကာလဖြစ်သဖြင့် ငါးခြောက်ဝယ်လိုအားမှာ ယခင်ထက် အနည်းငယ်မြင့်တက်လာသည်။ အထူးသဖြင့် ကျိုက်ထီးရိုးဘုရားဖူး ဧည့်သည်များအတွက် အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူမှုများပြားသောကြောင့် အရောင်းအဝယ် သွက်နေသည်။
၂၀၂၆ ခုနှစ်အတွင်း အသားနှင့် ငါးဈေးနှုန်းများမှာ ယခင်နှစ်ထက် သိသိသာသာ မြင့်တက်လာကြောင်း အထူးသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် သွင်းအားစုစရိတ်များကြောင့်ဖြစ်ပြီး ငါးခြောက်ဈေးနှုန်းမှာလည်း လိုက်ပါမြင့်တက်နေခြင်းဖြစ်သည်။ မိုးစတင်ရွာသွန်းလာပါက ငါးခြောက်လှန်းရန် အခက်အခဲရှိနိုင်သဖြင့် အထွက်နှုန်းနည်းသွားကာ ဈေးနှုန်းထပ်မံမြင့်တက်နိုင်ခြေရှိသည်။
ငါးခြောက်ဈေးနှုန်းများအနေဖြင့် ငါးရံ့ခြောက်တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ၀ မှ ကျပ် ၇၅၀ဝ၀ ဝန်းကျင် (အရွယ်အစားနှင့် အသားအထူအပါးပေါ်မူတည်၍) ရှိနေပြီး ငါးနီတူခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ မှ ကျပ် ၂၅၀ဝ၀ ကြားရှိနေကြောင်း သိရသည်။
DOCA (မွန်)
