Main menu

Background

မိုးဦးကျကာလ ကျိုက်ထိုငါးဈေးကွက်အတွင်း မြစ်ငါးနှင့် အင်းငါးများ စတင်ဝင်ရောက်လာ

Tue, 07/14/2026 - 11:24 -- journal_editor

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံစားသုံးသူများနှင့် ငါးလုပ်ငန်းရှင်များအကြား  မိုးဦးကျကာလ မြစ်ငါး၊ ချောင်းငါးနှင့် ဆည် ငါးများ ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာသော်လည်း ကုန်ကျစရိတ် မြင့်မားမှုများကြောင့် ငါးဈေးနှုန်းများမှာ ပြီးခဲ့သည့်လများထက် အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့မဈေးသို့ အဓိကအားဖြင့် စစ်တောင်းမြစ်ဝှမ်းမှထွက်ရှိ သော မြစ်ငါးများ၊ ဒေသတွင်း အင်းအိုင် များမှ ဖမ်းဆီးရမိသော အင်းငါးများနှင့် ရန်ကုန်ဘက်မှတင်သွင်းလာသည့် မွေးမြူရေးငါးများ ဝင်ရောက်လျက်ရှိသည်။ မိုးစတင်ရွာသွန်းလာခြင်းကြောင့် လတ်တလောတွင် ငါးရံ့၊ ငါးခူနှင့် ငါးပြေမကဲ့သို့သော အင်းငါးများ ဒေသဈေးကွက်အတွင်း ပိုမိုတွေ့မြင်လာရသည်။
လက်ရှိတွင် ငါးမြစ်ချင်း(မွေးမြူ ရေး) ငါးများမှာ ပုံမှန်ဝင်ရောက်မှုရှိနေပြီး တစ်ပိဿာလျှင် ကျပ်  ၁၂၀ဝ၀  မှ  ၁၆၀ဝ၀  အထိ ပေါက်ဈေးရှိနေကာ ငါးခူ/ငါးကြင်း(အင်းငါး)များမှာ အရောင်းသွက်သော်လည်း ဈေးကွက် အတွင်း အဝင်နည်း ၍ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀ မှ ၂၈၀ဝ၀  အထိရှိနေကြောင်း သိရသည်။    
ဈေးမြင့်သော်လည်း စားသုံးသူအကြိုက်တွေ့သော ငါးရံ့အကောင် ကြီးများမှာ လက်ရှိတွင် ဝယ်လိုအားရှိနေပြီး ကျပ် ၂၅၀ဝ၀ မှ  ၄၀ဝ၀ဝ ဝန်း ကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
ဇူလိုင်လနှင့် သြဂုတ်လ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် လယ်ငါးနှင့် အင်းငါးများ လှိုင်လှိုင်ပေါ်လာနိုင်သဖြင့် ထိုအချိန်တွင် ငါးဈေးနှုန်းများ အနည်းငယ် ပြန်လည်တည်ငြိမ်သွားနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သော်ဇင် (မွန်)