Main menu

Background

စူပါမားကတ်၊ စတိုးဆိုင်ကြီးများနှင့် ဈေးကြီးများတွင် ကြက်ဥတစ်လုံး ကျပ် ၅၅၀ ဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိ

Tue, 08/04/2026 - 11:41 -- journal_editor

ရန်ကုန်မြို့တွင် ကျောင်းဖွင့်ရာသီကာလဖြစ်သည့်အားလျော်စွာ ကြက်ဥမှာ ကျောင်းသား/ ကျောင်းသူများ၏ ကျောင်းထမင်းဘူးများတွင် ဟင်းအဖြစ် အလွယ်တကူချက်ပြုတ်နိုင်သည့်အတွက် ကြက်ဥဝယ်လိုအား ရုတ်တရက် မြင့်မားလာပြီး ကြက်ဥများဈေးကွက်တွင် ရုတ်တရက် ဈေးမြင့်တက်မှုအပေါ် စိတ်ပူပန်ပြီး သတင်းမျိုးစုံ ပေါ်ပေါက်ရေးသားလာကြသည်ကို တွေ့ရှိရသည်။ 
သို့ရာတွင် ယခုအခါ ရပ်ကွက်ဈေး၊ စည်ပင်သာယာဈေးများနှင့်Supermarket များ ဖြစ်သည့် Ocean Hyper Market ၊ City Mart ၊ Capital Hyper Market ၊ G&G Store နှင့် City Express တို့၌ ကြက်ဥများအား လက်ရှိတွင် ပုံမှန်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ 

ဇော်ရဲ