Main menu

Background

ဈေးကောင်းရနေသည့် ဧရာဒေသထွက် ကွမ်းသီးနု

Fri, 09/18/2026 - 14:25 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဖျာပုံခရိုင်ခရိုင်တို့တွင် ကွမ်းသီးပင်များအများဆုံးစိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသောကွမ်းသီးအရင့်များကို  ပြည်တွင်းတွင်သုံးစွဲလျက် ကွမ်းသီးအနု (အရည်သောက်)များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊  ယခင်နှစ်ကွမ်းသီးအနု (အရည်သောက်)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ ဈေးနှုန်းရရှိ၍ ယခုနှစ်တွင်တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ဈေးရရှိသဖြင့် ယခင်နှစ်ထက် တစ်ပိဿာကျပ် ၁၅၀ဝ ဝန်း ကျင်ဈေးနှုန်းပိုမိုရရှိပြီး ကွမ်းသီးစိုက်ပျိုးသောတောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း ဈေးကွက်မှသိရသည်၊
ကွမ်းသီးအနုဝယ်ယူရာတွင် ကွမ်းသီးအဝိုင်းဝယ်ယူမှုမရှိဘဲ ဒေသအခေါ်ဘဲဥချွန်း၊ ကပ်ချွန်း၊ မျှောချွန်းပုံစံရှိသော အလေးချိန် ၁၉ ဂရမ်နှင့် ၃၇ ဂရမ်အတွင်းရှိ ကွမ်းသီးအစိမ်းရောင်အနုကိုသာဝယ်ယူပြီး အဝါ‌ရောင်ရှိသော ကွမ်းသီးများကို ဝယ်ယူမှုမရှိကြောင်း ကွမ်းသီးအနု အရောင်းအဝယ်ဖြစ်သည့်ကာလများတွင် ကွမ်းပင်တက်သောဒေသခံများမှာ မြောင်းမြခရိုင် ဖျာပုံခရိုင်အတွင်း မြို့နယ်များနှင့် အခြားမြို့နယ်များရှိ ကွမ်းစိုက်ပျိုးသောတောင်သူများ၏ စိုက်ခင်းများသို့ ဈေးကွက်ဝင်သော ကွမ်းသီးအနုများကို လိုက်လံဝယ်ယူကာ လက်လီအဝယ်ဒိုင်ခွဲများသို့ လာရောက်ရောင်းချလျက် အလုပ်အကိုင်အခွင့်အလမ်းများရရှိကာတစ်ရက်ဝင်ငွေကျပ် ၁၅၀ဝ၀၊ ၂၀ဝ၀ဝ ဝန်းကျင်ရရှိနေပြီး တရုတ်နိုင်ငံတွင် ကွမ်းသီးနုများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြန်လည်သုံးစွဲလျက်ရှိကြောင်း သိရသည်၊ 

DOCA(ဖျာပုံ)