![](http://commercejournal.com.mm/sites/default/files/styles/large/public/field/image/Beans_14.jpg?itok=w_1ffat8)
ရေနံချောင်းမြို့၌ စက်တင်ဘာလ ပထမပတ်တွင် ကုလားပဲ ၁၉ ပိဿာ တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ၊ စားတော်ပဲ ၂၀ပိဿာ တစ်တင်းလျှင် ကျပ် ၁၄၀ဝ၀ဝ၊ နှမ်း ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ မြေပဲဆန် တစ်ပြည်လျှင် ကျပ် ၆၀ဝ၀တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။ရေနံချောင်းဒေသထွက်နှမ်းများအပြင် နွားထိုးကြီးမြို့၊ တောင်သာမြို့၊ မန္တလေးမြို့၊ မလှိုင်မြို့နှင့် မိတ္ထီလာမြို့တို့မှ ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ပထမပတ်တွင် နှမ်း အိတ်ပေါင်း ၁၇၀ဝခန့် ဝင်ရောက်ခဲ့ကြောင်း၊ မြေပဲဆန်အနေ ဖြင့် ပြည်မြို့၊ အောင်လံမြို့၊ မန္တလေးမြို့၊ စလေမြို့၊ ကျောက်ပန်း တောင်းမြို့၊ မကွေးမြို့၊ ညောင်ဦးမြို့နှင့် နတ်မောက်မြို့များမှ ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ပထမပတ်တွင် မြေပဲ ဆန်အိတ်ပေါင်း ၈၀ဝ ခန့် ဝင်ရောက်ခဲ့ကြောင်း၊ ဝင်ရောက် ခဲ့သော နှမ်းနှင့်မြေပဲဆန်များသည် မြို့တွင်းဆီစက်လုပ်ငန်းရှင်များက ဝယ်ယူကြောင်း ပွဲရုံဈေးသည်တစ်ဦးထံမှ သိရှိ ရသည်။
စက်တင်ဘာလ ပထမပတ်တွင် မကွေးမြို့ မြို့မဈေး၌ ကြက်သွန်နီအမျိုးအစားနှင့် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ-၃၆၀ဝ-၃၈၀ဝ၊ ကြက်သွန်ဖြူ (ဗမာ) တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ ငရုတ်သီးအခြောက် အရှည် တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀၊ နနွင်းတက် တစ်ပိဿာ လျှင် ကျပ် ၆၀ဝ၀၊ ချင်းတက် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ၊ အာလူး တစ် ပိဿာလျှင် ကျပ် ၂၅၀ဝ၊ သကြား တစ်ပိဿာလျှင်ကျပ်၂၈၀ဝ၊ မြေပဲဆန် တစ်ပြည်လျှင် ကျပ် ၇၅၀ဝ၊ ကုလားပဲခြမ်း တစ်ပြည် လျှင် ကျပ် ၅၃၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း
ဆိုင်ခန်းဈေးသည်များနှင့် ပျံကျဈေးသည်များထံမှ သိရှိ ရသည်။ထို့ပြင် စားသုံးဆီများအနေဖြင့်လည်း ပဲဆီ တစ် ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၁၅၀ဝ၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၉၈၀ဝတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စားသုံးဆီ လက်လီဈေး သည်တစ်ဦးထံမှ သိရှိရသည်။
ဟာခေါဂေ(မကွေး)
အေးအေးမုန်း