Main menu

Background

မန္တလေးပဲမျိုးစုံ ဈေးနှုန်းဈေးကွက် အခြေအနေ

Wed, 11/09/2022 - 10:06 -- journal_editor

ပြည်တွင်းနေ့စဉ်စားသုံးမှုတွင် စားတော်ပဲပြုတ်ပြီးလျှင်ထောပတ်ပဲပြုတ်သည် စားသုံးမှုအများဆုံးဖြစ်သည်။ ထောပတ်ပဲစတင်ထွက်ပေါ်သည့်အချိန်တွင် အစိုအတိုင်းစားသုံးခြင်း၊ ပဲကြော်၊ပဲလှော်အဖြစ် အသုံးပြုခြင်းတို့ကြောင့် ထော ပတ် ပဲသည်ဈေးကွက်ရှိသည့်ပဲတစ်မျိုးဖြစ်သည်။ယခုလတ်တလောတွင် ထောပတ်ပဲအသစ်များ စတင်ထွက်ပေါ်လာပြီဖြစ်၍ထောပတ်ပဲအစိုနို့ဆီတစ်ဘူးလျှင်ကျပ်၄၀ဝ မှ ၅၀ဝ အထိရောင်းဝယ်နေကြသည် မန္တလေးကုန် စည်ဒိုင် ဈေး ကွက် တွင် ထောပတ်ပဲကို အရွယ်အစားအရည်အသွေးအလိုက်အကြီး၊ အလတ်၊အသေးဟူ၍ ဈေးဖွင့် ရောင်းဝယ်နေကြသည်။အလတ်အရွယ်အစားသည် ပြည်ပဈေးကွက်ရှိသည့်အခါတွင် ဈေးအမြင့်ဆုံးရလေ့ရှိသည်။ ကုန်စည်ဒိုင်ဈေး ကွက် တွင် ထောပတ်ပဲ အခြောက်အသစ်များဝင်ရောက်မှုမရှိသေးပဲ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်နေပြီး ကထိန်ပွဲတော်နီးလာ၍ အရောင်းအဝယ်အေးပြီး ဈေးအေးနေသည်။ထောပတ်ပဲ(ကြီး) ၅၆ ဒသမ၂၅ ပိဿာဝင် သုံး တင်းတစ် အိတ်လျှင်ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် ကျပ် ၁၅၄၀ဝ၀မှ ၁၅၈၀ဝ၀၊ယခင်လက ကျပ် ၁၆၂၀ဝ၀ ဖြစ်ခဲ့သည်။ယခင်လထက် ကျပ် ၄၀ဝ၀ မှ ၈၀ဝ၀ နိမ့်ကျလာသည်။ထောပတ်ပဲ (လတ်) ၅၆ ဒသမ ၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်တို့တွင် ကျပ် ၁၅၀ဝ၀ဝ၊ ယခင်လကကျပ် ၁၅၈၀ဝ၀ ဖြစ်ခဲ့သည်။ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၈၀ဝ၀ နိမ့်ကျလာသည်။ထောပတ်ပဲ (သေး) ၅၆ ဒသမ၂၅ ပိဿာဝင် သုံးတင်း တစ် အိတ်လျှင်  ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်တို့တွင် ကျပ် ၁၄၅၀ဝ၀၊ ယခင်လက ကျပ် ၁၅၀ဝ၀ဝ မှ ၁၅၂၀ဝ၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၅၀ဝ၀ မှ ၇၀ဝ၀ နိမ့်ကျ လာသည်။ပဲတီစိမ်း (အညာ) ၅၆ ဒသမ၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၂၅၀ဝ၀ မှ ၁၄၀ဝ၀ဝ၊ ယခင် တစ်ပတ် ကျပ် ၁၂၅၀ဝ၀ မှ ၁၄၆၀ဝ၀၊ ယခင်လ ကျပ် ၁၅၅၀ဝ၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၆၀ဝ၀၊ယခင်လ ထက် ကျပ်  ၁၅၀ဝ၀ နိမ့်ကျလာသည်။မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် တွင် ကျပ် ၁၆၇၀ဝ၀ မှ ၁၇၁၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၁၇၈၀ဝ၀ မှ ၁၈၂၀ဝ၀၊ ယခင်လ ကျပ် ၁၇၃၀ဝ၀ မှ ၁၇၅၀ဝ၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၇၀ဝ၀ မှ ၁၁၀ဝ၀၊ ယခင်လထက် ကျပ် ၄၀ဝ၀ မှ ၆၀ဝ၀ နိမ့်ကျလာသည်။ပဲစင်းငုံ(နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ် ပတ်တွင် ကျပ် ၁၈၆၀ဝ၀၊ ယခင် တစ်ပတ် ကျပ် ၁၉၀ဝ၀ဝ၊ ယခင်လ က ကျပ် ၁၉၀ဝ၀ဝ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်၊ ယခင်လထက် ကျပ် ၄၀ဝ၀   နိမ့်ကျလာသည်။မြေထောက်ပဲ    ၅၄ ပိဿာဝင် သုံးတင်းဝင်  တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၃၅၀ဝ၀ မှ ၂၄၀ဝ၀ဝ၊ ယခင်တစ်ပတ်က ကျပ် ၂၃၅၀ဝ၀ မှ ၂၅၅၀ဝ၀၊ ယခင်လက ကျပ် ၂၃၅၀ဝ၀ မှ ၂၆၀ဝ၀ဝ ဖြစ်သည်။ ယခင်တစ်ပတ် ကျပ် ၁၅၀ဝ၀၊ ယခင်လထက် ကျပ် ၂၀ဝ၀ဝ နိမ့်ကျလာသည်။

မြင့်မြင့်လှိုင် (ရတနာပုံကုန်သွယ်မှုဗဟိုဌာန)