Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Thu, 01/19/2023 - 14:31 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ သော ပဲဈေးနှုန်းများသည် ပြည်ပတင်ပို့ သော မတ်ပဲ၊ ပဲတီစိမ်း ဈေးများမှာ ကျဆင်းလျက်ရှိနေသည်။ ပဲစင်းငုံနှင့် ကုလားပဲဈေးမှာ မြင့်တက်လာခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီလပထမတ်တွင် မတ်ပဲ တစ်တင်းကို ကျပ် ၅၅၀ဝ၀-၅၅၅၀ဝ ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၁၀ဝ-၂၀ဝခန့် ရန်ကုန်အဝယ်ရှိသည်။ ပဲအသစ်များလည်း အဝင်ရှိပြီး တစ်ရက်ကို အိတ် ၂၀ဝခန့် ပန်းတောင်းနှင့်ကံမဘက်မှ အဝင်ရှိသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၅၃၃၀ဝ-၅၃၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၁၀ဝ-၂၀ဝခန့် အရောင်းအဝယ်ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ပဲတစ်တင်းကို ကျပ် ၁၅၀ဝ-၂၀ဝ၀ ခန့် ဈေးလျော့ခဲ့ကြောင်း သိရသည်။ 
ဇန်နဝါရီလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ကျပ်  ၄၅၀ဝ၀ ဖြင့် ရန်ကုန်၊ မန္တလေး ဝယ်လက်တစ်ရက်ကို အိတ် ၅၀ဝ-၆၀ဝ ခန့် အဝယ်ရှိသည်။ ဒုတိယပတ်တွင် ပဲတီစိမ်းတက်လာပြီး ပဲတစ်တင်းကို ကျပ် ၄၅၀ဝ၀-၄၆၀ဝ၀ ဖြင့် မန္တလေး အဝယ်တစ်ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့် တင်ပို့မှုရှိသည်။ ယခင်  ပထမပတ်ထက် ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်း ကျပ် ၁၀ဝ၀ ခန့် မြင့်တက်လာခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီပထမပတ်၌ ပဲစင်းငုံ တစ်တင်းကို ကျပ် ၅၅၀ဝ၀-၅၅၂၀ဝ ဖြင့် တစ်နေ့ကို အိတ် ၂၀ဝ-၃၀ဝခန့် အဝယ်ရှိသည်။ ပဲသစ်များ အဝင်ရှိပြီး တစ်ရက် ကို အိတ် ၂၀ဝခန့် ပန်းတောင်း၊ ကံမဘက်မှ အဝင်ရှိပြီး ပဲတစ် တင်းကို ကျပ် ၅၅၀ဝ၀ ဖြင့် ဈေးဖွင့်ခဲ့သည်။ ဒုတိယပတ်မှာ ပဲစင်းငုံတစ်တင်းကို  ကျပ် ၅၆၀ဝ၀-၅၆၁၀ဝ ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ ပထမပတ်နှင့် ဒုတိယပတ်  နှိုင်းယှဉ်လျှင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၁၀ဝ၀ ခန့် ဈေးမြင့်ခဲ့ကြောင်းသိရသည်။
ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲ (Hl) တစ်တင်းကို ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ-၆၇၅၀ဝ၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၅၀ဝ၀-၆၆၀ဝ၀-၆၇၀ဝ၀-၆၇၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၃၀ဝ-၄၀ဝ ခန့် မြို့တွင်း အဝယ်ရှိခဲ့သည်။ ဇန်နဝါရီ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို   ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ-၆၇၀ဝ၀၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၅၀ဝ၀-၆၆၀ဝ၀ ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပထမပတ်တွင် ဗိုလ်ကိတ် တစ်တင်းကို  ကျပ် ၃၉၀ဝ၀-၃၉၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၅၀-၁၀ဝ ခန့် မြို့တွင်းအဝယ်ရှိခဲ့သည်။ ဇန်နဝါရီ ဒုတိယပတ် တွင် ဗိုလ်ကိတ်ပဲတစ်တင်းကို ကျပ် ၃၉၀ဝ၀ -၃၉၅၀ဝ-၄၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်ဝယ်လက် အဝယ်တစ်ရက်ကို အိတ် ၅၀-၁၀ဝ ခန့် အဝယ်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီ ဒုတိယပတ်တွင် မတ်ပဲ ဈေး ကျနေခဲ့သည်။  မတ်ပဲ၊  ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဗိုလ်ကိတ်ပဲ အရောင်းအဝယ်များမှာ အေးလျက်ရှိကြောင်း သိရသည်။
မိမိအေး (ပြည်)