Main menu

Background

ကရင်ပြည်နယ်ဒေသထွက် ပဲတီစိမ်းများ ဈေးကောင်းရလျက်ရှိ

Sat, 02/04/2023 - 22:26 -- journal_editor

ကရင်ပြည်နယ်၌ ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ပဲတီစိမ်းများ စတင်ထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက်ရှိကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။

ပဲတီစိမ်း ကုန်သည်များအနေဖြင့် ဒေသထွက် ပဲတီစိမ်းဝယ်ယူရာတွင် တစ်တင်းလျှင် ပွဲရုံအထိုင်ဈေး ကျပ် ၄၇၀ဝ၀ ဖြင့် ဝယ်ယူလျက်ရှိပြီး အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင် ကျပ် ၁၆၅၀ နှုန်း ရှိသောကြောင့် တစ်ပိဿာလျှင် အရင်း ကျပ် ၄၈၆၅၀ ဖြစ်ပြီး ပဲခူးအထိုင်ဈေး တစ်တင်းလျှင် ကျပ် ၅၁၀ဝ၀ မှ ၅၃၀ဝ၀ ဖြင့် အရည်အသွေးပေါ်မူတည်၍ ရောင်းချရသောကြောင့် တစ်တင်း အမြတ် ကျပ်၂၃၅၀ မှ ၄၃၅၀ ထိရှိကာ အကျိုး အမြတ်ရလျက်ရှိကြောင်း သိရသည်။

ယမန်နှစ်က ကရင်ပြည်နယ်ဒေသထွက် ပဲတီစိမ်းဈေးမှာ တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဖြင့် ဈေးနှုန်းပိတ်ခဲ့ပြီး ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၅၃၀ဝ၀(ပဲခူးအထိုင်ဈေး) ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

DOCA Kayin (ပြည်တွင်း)